အပိုင်း ၂

1.5K 183 13
                                    

ခဲတံချွန်ဓားက ဒီလိုလည်း အသုံးဝင်သား။ ဟန်ဂျုံဟျွန်းရဲ့စက်ဘီးကို စီးမရအောင် တာရာတွေ ခွဲလိုက်သည်။ သူ့လုပ်ရပ်တွေကို ချယ်ယောင်းက မျက်စိမျက်နှာပျက်စွာ ရပ်ကြည့်နေ၏။ ချယ်ယောင်းကို ကင်းစောင့်ခိုင်းပြီး ဟန်ဂျုံဟျွန်း စက်ဘီးကို ဇိမ်ပြေနပြေကို ဖျက်ဆီးနေလိုက်သည်။

'' မြန်မြန်လုပ် လီဆာ။ လူတွေလာရင် မိသွားဦးမယ် ''

တော်တော်လေး စုတ်ပြတ်သတ်အောင် လုပ်ပြီးသည့်နောက် မတ်တပ်ရပ်ပြီး လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ကာ ခါလိုက်သည်။ ဘေးမှာ ချထားတဲ့ ကျောပိုးအိတ်ကို ကောက်လွယ်ပြီး ချယ်ယောင်းပုခုံးကို ဖက်ကာ ကျောင်းတံခါးကို သွားခဲ့ကြသည်။

'' နင့်အိမ်က လာမကြိုဘူးလား ချယ်ယောင်း ''

'' အေး .. ငါစက်ဘီးဝယ်ထားတယ် ''

ချယ်ယောင်းက စက်ဘီးပန်းရောင်လေးဆီပြေးပြီး လီဆာ့ကို လှမ်းအော်ပြောသည်။ ချယ်ယောင်းစက်ဘီးလေးက လှသည်။ လီဆာကတော့ မမရဲ့ဖေဖေလာကြိုတဲ့ကား၊ ဒါမှမဟုတ် ဖေဖေလာကြိုတဲ့ကားကိုစီးပြီး မမနှင့်အတူတူပြန်သည်။

'' မမ ''

'' အင်း ကလေး။ မမ နားထောင်နေတယ် ''

အိမ်ပြန်​နေတဲ့လမ်းမှာ မမက စာအုပ်ဖတ်ရင်း ထူးသည်။ မမက တရားသူကြီး ဖြစ်ချင်တာတဲ့။ အားနေတဲ့အချိန်တွေမှာ စာတွေဖတ်တယ်။ မမကိုကြည့်လိုက်ရင် စာအုပ်နဲ့မျက်နှာ မခွာဘူး။

'' မမ သဘောကျရတဲ့လူ ရှိနေပြီလား ''

လီဆာ အဲလို​မေးတော့ မမမျက်ဝန်းတွေ ပြူးသွားပြီး မျက်ခုံးပင့်သွားသည်။ အမူအရာက ခဏအတွင်း ပြောင်းလဲသွားပြီး ရယ်မောပြန်သည်။

'' အဟင်းဟင်း သဘောကျတဲ့လူလား။ ရှိတာပေါ့ မမသဘောကျတဲ့လူတွေက ဖေဖေ မေမေပြီးရင် ဟောဒီက မမရဲ့လီငယ်ပဲလေ ''

ဟန်ဂျူံဟျွန်းမပါဘူး။ မမက လီဆာ့ကိုပဲ သဘောကျတာ။ သတိထားမိသလောက် မမက လွန်ခဲ့တဲ့လေးနှစ်ကလိုမဟုတ်ပဲ အရမ်းလှလာသည်။ ညိုဖန့်ဖန့်အသားအရည်ကနေ ဖြူဝင်းတဲ့ အသားအရောင်ကို ပြောင်းလဲလာသည်။ မပြောင်းလဲတာဆိုလို့ လီဆာငေးမိခဲ့တဲ့ မျက်ခွံပေါ်က မှဲ့နက်ကလေးရယ် ၊ ရယ်လိုက်တိုင်း မှိတ်ကျသွားတဲ့ မျက်ဝန်းလေးတွေရယ်၊ ချစ်ဖို့ကောင်းလွန်းတဲ့ ပါးဖောင်းဖောင်းလေးတွေရယ်ပဲ။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now