ချယ်ယောင်းက အနုပညာကျောင်းတတ်ဖို့ US ကို ထွက်ခွာဖို့ ပြင်ဆင်သည်။ ချယ်ယောင်းရဲ့ ငယ်စဥ်အိမ်မက်က အောင်မြင်တဲ့ မင်းသမီးတယောက် ဖြစ်ဖို့အတွက် တဲ့လေ။
'' ပိုလို နင်ရယ်တတ်ရဲ့လား ''
'' ရယ်တတ်ပါတယ် မမလေး ''
ပိုလိုက ချယ်ယောင်းကို မမလေးလို့ ခေါ်သည်။ ပိုလိုဟာ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းကနေ မစ္စတာအန်ရိုခေါ်လာခဲ့တဲ့ စပိန်လူငယ်လေး။ သူတို့ထက် နှစ်နှစ်ငယ်သည်။
'' မင်းသမီးဖြစ်ရင် ငါ့ company နဲ့ စာချုပ်ချုပ်ရမယ် ချယ်ယောင်း ''
'' ဘာလို့ချုပ်ရမှာလဲ။ ငါက နာမည်ကြီး Brands တွေနဲ့ပဲ စာချုပ်ချုပ်မှာပေါ့ ''
'' ငါ့ကားတွေကိုလည်း ကြော်ငြာပေးဦးပေါ့ဟ ''
အဲ့အချိန်မှာကတည်းက ဖေဖေ့လုပ်ငန်းတွေကို လီဆာ လုပ်ကိုင်နေခဲ့ပြီ။ စိတ်ဝင်စားတဲ့ ကားအမျိုးအစားတွေကိုလည်း showroom ဖွင့်ထားသေးတယ်။
မမကတော့ တရားသူကြီးပေါက်စလေး ဖြစ်နေသည်။ အားလပ်ချိန်တွေမှာ အစ်ကိုဆိုသူနဲ့ Date နေတုန်း။ အရင်လိုတော့ အချိန်တိုင်း မတွေ့ကြတော့လို့ လီဆာ နည်းနည်းစိတ်အေးခဲ့သည်။
'' အစ်မဂျန်းနီကို ဖွင့်ပြောပြီးပြီလား။ သူ့ကို နင်သဘောကျနေတဲ့အကြောင်း ''
'' မဖွင့်ပြောတော့ပါဘူး။ သူပျော်နေတာလေးကို မြင်ရရင် ငါလည်းပျော်နေပါတယ် ချယ်ယောင်းရာ ''
လိမ်ညာမှု ကင်းနေသော်လည်း ဆွေးမြေ့မှုက မျက်ဝန်းထဲ၌ အထင်းသား။ နာကျင်စွာ ရေရွတ်လိုက်တဲ့ လီဆာ့ကို ချယ်ယောင်းပွေ့ဖက်လိုက်သည်။
'' ချစ်ရတာ ပင်ပန်းတယ်မလား လီဆာရား ''
'' အဟင်း .. နေသားကျသွားလို့ဖြစ်မယ်။ ပင်ပန်းမှုတွေကို တစိမ့်စိမ့်ချစ်နေရပြန်တယ်။ ငါက ရူးနေပြီမလား ''
ချယ်ယောင်းက မချိပြုံးလေး ပြုံးသည်။ လီဆာ လိုက်၍ မပြုံးနိုင်ခဲ့ပေ။ အကြောင်းကတော့ အိမ်ရှေ့မှာပင် အကြင်နာတွေ ဖလှယ်နေသူ နှစ်ဦးကြောင့်။
'' ကျွန်တော် သတ်ပစ်လိုက်ရမလား ဘော့စ် ''
ဆိုင်းမဆင့် ဗုံမဆင့် ထပြောလိုက်သော ပိုလို့စကားကြောင့် ချယ်ယောင်းနဲ့လီဆာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ချယ်ယောင်းဆိုရင် မျက်လုံးတောင် ပြူးနေသည်။
YOU ARE READING
𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱
Fanfictionပျော်ရွှင်ရတဲ့ နာကျင်ခြင်းတံတိုင်းလေးကို မမဟာ တဖက်စီကာရံလို့..,..။