အပိုင်း ၁၄

1.5K 240 29
                                    

စိုးရိမ်စိတ်ကြောင့် လီဆာ့လက်တွေ တုန်ယင်နေခဲ့သည်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က မမနဲ့အတူ နာရေးသွားခဲ့ပြီး မမရဲ့နောက်ကို နောက်ယောင်ခံဖို့ လူလွှတ်ထားသည်။ ၉ရက်ကြာပြီးနောက်မှာတော့ လီဆာ့ဖုန်းထဲ Video တပုဒ်နဲ့ ဓာတ်ပုံတွေ ရောက်လာသည်။

ခိုးရိုက်ထားသော Video မို့ စကားသံတွေ သေချာမကြားရ။ အမူအရာ လှုပ်ရှားပုံတွေအရ ရှေ့နေဘတ်နဲ့မမဟာ တခုခုကို အလေးအနက် ဆွေးနွေးနေသည်။ မမက ရှေ့နေဘတ်နဲ့တွေ့တဲ့ အကြောင်းအရင်းက ဘာများလဲ။ လီဆာ့ကိစ္စကိုများ မမသိသွားပြီး ရှေ့နေဘတ်ကို မေးနေတာလား။

သွေးပျက်စွာ အိမ်ကိုပြန်ရောက်လာပြီး မမကို အကဲခတ်မိသည်။ မမရဲ့မျက်နှာပေါ် မည့်သည့်အရိပ်အယောင်မှ ရှိမနေခဲ့။ ပကတိ အေးစက်စက် ပုံစံသာ ရှိသည်။ ဂျန်းထယ်ဆန်း သေဆုံးတာရယ်၊ မမသိသွားမှာကို ထိတ်လန့်မှုရယ် ပေါင်းစုပြီး လီဆာဆေးရုံရောက်သွားသည်။


'' စိတ်ဖိစီးစရာရှိနေလား လီလီ။ မေ့လဲတဲ့အထိ ဘာတွေများ အဆင်မပြေဖြစ်နေလဲ။ အစ်မကို ပြောပြလို့ရပါတယ် ''

ဆေးချိတ်ထားသော လက်ကအပ်ကို ငုံ့ကြည့်ပြီး အစ်မဂျီဝန်း မေးခွန်းကို ဖြေလိုက်သည်။

'' လီလီ အခုလိုဖြစ်တာ မမကို မပြောပါနဲ့ ''

မမကို သူ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါ။ မမ သိချင်စိတ်ရှိရှိ မရှိရှိ သူနဲ့ပတ်သက်လျှင် ကောင်းတာတွေကိုပဲ သိစေချင်သည်။ အစ်မဂျီဝန်းကို ထိုသို့တောင်းဆိုတော့ သူမက မျက်ခုံးတဖက်ပင့်သွားသည်။ ခေါင်းတဆတ်ဆတ် ​ငြိမ့်ကာ သူ့အား မေးခွန်းပြန်မေးသည်။

'' ဂျန်းနီသိတော့ ဘာဖြစ်လဲ။ သူမက မင်းရဲ့ဇနီးပဲလေ။ မင်းဖြစ်ပျက်နေတာတွေ သူမကို မျှဝေသင့်တယ် လီလီ ''

'' မမကို လီလီကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး အစ်မရယ်။ အနည်းဆုံးတော့ အခုလို လီလီမေ့လဲတာကို မမသိရင် စိတ်.....''


ပူမှာလား မမက။ ပြောလက်စ စကားတွေရပ်ပြီး သက်ပြင်းချလိုက်မိသည်။ စိတ်မပူလောက်ပါဘူး မမက အရင်လိုမှ မဟုတ်တော့တာ။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now