ကုတင်ခေါင်းရင်းကိုမှီပြီး စာအုပ်ဖတ်နေချိန် မမက လီဆာ့ဘေးမှာ ဝင်ထိုင်သည်။ သူ့နည်းတူ ခေါင်းရင်းကိုမှီလိုက်ပြီး သူ့ပုခုံးပေါ် မမရဲ့ ခေါင်းလုံးလုံးလေးဟာ မှီခိုလာသည်။
'' တိုက်ကွမ်ဒို တတ်နေတယ်ဆို။ မပင်ပန်းဘူးလား ကလေးရယ် ''
'' နည်းနည်း ''
'' ဘာဖြစ်လို့ တတ်တာလဲ။ နုနုနယ်နယ်လေးက ပင်ပန်းတာတွေကို မလုပ်ပါနဲ့လား ''
'' ကျိန်းသေပေါက် ကာကွယ်ပေးရမယ့်လူ ရှိလို့ပါ။ မမ အိမ်စာတွေ ပြီးပြီလား ''
'' ပြီးပြီ။ မနက်ဖြန် လိုက်ခဲ့မယ် သင်တန်းကို ''
'' ဘာလုပ်လဲ မလိုက်ရဘူး ''
'' လိုက်မှာပဲ။ မမက လီလီ့အုပ်ထိန်းသူလေ။ ဘယ်လိုကောင်မျိုးတွေက လီလီ့ဆရာတွေလဲ။ စိတ်ရော ချရရဲ့လားဆိုတာ မမလိုက်ပြီးတော့ အကဲခတ်မှဖြစ်မှာပေါ့ ''
'' ဒါပေမယ့်.. ''
'' မောင်နော် ''
'' ဟင် ''
'' အဟင်း .. ဂျီဟိုက သူ့ကောင်လေးကို အဲလိုခေါ်ရင် ဘာပြောပြော လက်ခံပေးတယ်လေ။ နော် မောင် .. မမ လိုက်ချင်တယ် ''
မမမျက်နှာ နီမြန်းနေတာလေးကို ကြည့်ပြီး သူပါ ရယ်လိုက်မိသည်။ မမဟာ သေချာပေါက် ရှက်နေခဲ့ပြီး လီဆာ့အား မရရအောင် တောင်းဆိုနေခဲ့သည်။
'' ဒါဆို နောက်တကြိမ် မောင် လို့ခေါ်ရင် လိုက်ခွင့်ပြုမယ် ''
'' တော်ပြီ မခေါ်တော့ဘူး။ မလိုက်ရလည်း ဘာမှမဖြစ်ဘူး လာလီဆာ ''
အိုး .. စိုးရိမ်ရေအမှတ်ကို ရောက်သွားပြီ။ မမက အင်မတန်စိတ်ဆိုးမှသာ နာမည်အရင်းကို ခေါ်တတ်တာ။ အခု မမနှုတ်ဖျားက သူ့ကို လာလီဆာ တဲ့။
'' လိုက်ခဲ့ပါ မမရဲ့။ လီလီက စတာပါ ''
'' မလိုက်ချင်တော့ဘူး ''
'' ဒါဆို မမရဲ့သင်တန်းကို လီလီလိုက်ပို့ပေးမယ်လေ။ စိတ်မဆိုးပါနဲ့ မမရဲ့ ''
'' စိတ်မဆိုးပါဘူး။ စိတ်မကောင်းဖြစ်သွားရုံပါ။ မမက လီလီခေါ်မသွားချင်လောက်အောင်များ...''
YOU ARE READING
𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱
Fanfictionပျော်ရွှင်ရတဲ့ နာကျင်ခြင်းတံတိုင်းလေးကို မမဟာ တဖက်စီကာရံလို့..,..။