အပိုင်း ၁၀

1.3K 213 19
                                    

ကားထဲ၌ ed sheeran ရဲ့ perfect သီချင်းလေးက ငြိမ့်ငြိမ့်လေး ထွက်ပေါ်နေသည်။ သံစဥ်ကို လိုက်ညည်းရင်း မမမျက်နှာလေးကို ခဏခဏ ခိုးကြည့်မိသည်။ ပြတင်းတံခါးကနေ အကြည့်မခွာတဲ့ မမကတော့ လီဆာကြည့်နေတာကို သိမည်မထင်။ သီချင်းလေးထဲကအတိုင်း မမဟာ လီဆာ့အချစ်ဦးဖြစ်ပြီး သီချင်းလေးထဲကလိုတော့ မမဟာ လီဆာ့ကိုစောင့်နေခြင်းမဟုတ်။

လီဆာတို့အိမ်လေးက မြို့ပြင်မှာဆိုပေမယ့် အရမ်းကြီး ဝေးနေတာမျိုးမဟုတ်ဘူး။ companyကိုရောက်ဖို့ ၄၅မိနစ်၊ မိဘအိမ်နဲ့ဆို ၁နာရီဝန်းကျင်ခန့် မောင်းရသည်။ မမတို့အိမ်ကနေ လိုအပ်တာ မှန်သမျှ သယ်ယူလာပြီး လီဆာတို့နှစ်ယောက်ရဲ့ အိမ်ကလေးကို ပြန်ခဲ့သည်။

ခြံရှေ့ကားရပ်လိုက်သည်နှင့် ခြံတံခါးက Auto စနစ်ဖြင့် ပွင့်သွားသည်။ ဒီအိမ်မှာ မမနဲ့လီဆာ နှစ်ယောက်တည်း။ ပိုလိုနဲ့ ခြံစောင့်ဦးလေးကြီးက တိုက်အသေးလေးမှာ နေသည်။

ရာသီဥတုကြောင့် မမကို ရေနွေးနွေးလေး စပ်ပေးလိုက်သည်။ ဒီအိမ်ထောင်မှာ လီဆာက အိမ်ထောင်ဦးစီး၊ လီဆာက အိမ်ရှင်မ။ မမကို ဘာမှကိုမလုပ်ခိုင်းဘူး။ မမ ပင်ပန်းတာနဲ့ မောဟိုက်ရမှာက လီဆာ့နှလုံးသားလေ။ ကိုယ့်ကိုကိုယ် သနားသောအားဖြင့် မမကို အလှပဲကြည့်ထားမယ်။

အခန်းလေးက ခိုးပြေးတဲ့နေ့ကလိုမဟုတ်။ အဝါနုရောင် နံရံကပ်စက္ကူတွေ ပြည့်နှက်နေသည်။ ခေါင်းအုံးဆင်တူလေးကို မြင်တဲ့အခါ ရင်ထဲတွင် လှိုက်ခနဲ။ သြော်  .. အတူတူအိပ်ခဲ့ဖူးသော်လည်း အခြေအနေချင်း မတူဘူးလေ။ ခေါင်းအုံးတွေကိုကြည့်ပြီး ပြုံးနေတုန်း အခန်းထဲကို မမဝင်လာသည်။


'' ရေချိုးလိုက်လေ မမ။ လီလီ ရေနွေးစပ်ပေးထားတယ် ''

bathrobe ကိုကိုင်ကာ ရေချိုးခန်းဝင်သွားသည်။ လီဆာ့ကို ကြည့်လည်းမကြည့်၊ စကားလည်းမပြော။ ညစာပြင်ရဦးမှာမို့ မမအတွက် အဝတ်အစား ထုတ်ပေးပြီး အောက်သို့ဆင်းလာခဲ့သည်။

လီဆာ ထမင်းမချက်ဖူးပါ။ ဟင်းချက်နည်းလည်းမသိပါ။ ဓားမကိုင်ဖူးသူမို့ အရွက်လှီးရင်း ဓားရှသွားသည်။ အသည်းထဲထိ နာပေမယ့် ဆေးမထည့်အားသေး။ ဒဏ်ရာကို ရေဆေးလိုက်ပြီး YouTube ကအတိုင်း ချက်ပြုတ်ဖို့ ပြင်ဆင်သည်။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now