ကင်မရာမီးရောင် တဖျတ်ဖျတ်တွေဖြင့် လီဆာ့ကားတွေကို ချယ်ယောင်းနဲ့ရိုက်ကူးနေသည်။ ပတ်ချယ်ယောင်းရဲ့ Image ကလည်း ခေသူမဟုတ်ခဲ့။ ကားတွေကို ကြော်ငြာရိုက်ကူးနေကြောင်း သူမရဲ့ instagram က အသိပေးရုံနှင့် လီဆာ့ car showroom က million တန်တဲ့ကားတွေ ရောင်းထွက်ခဲ့သည်။
တဖက်ကို အာရုံစိုက်နေခဲ့ပြီး ကုန်တိုက်ဘက်ကို လစ်ဟာမှုတွေ ရှိသွားသည်။ ဟီဂျင်းက အားကိုးရသူမို့သာ တော်ပေ၏။ သူ့ရဲ့ပျက်ကွက်မှုတွေကို ဟီဂျင်းဟာ အစားထိုးလုပ်ကိုင်ထားသည်။
'' ကျေးဇူးပါ ဟီဂျင်းရေ။ ချယ်ယောင်း သူမက ငါတို့ကုန်တိုက်က ဒါရိုက်တာဂျောင်ဟီဂျင်းတဲ့။ ဟီဂျင်းကတော့ Rosèကို သိတယ်မဟုတ်လား ''
'' ဟုတ်ကဲ့ သိပါတယ် ''
လိုအပ်တဲ့ ဖိုင်တွဲတွေကို ဟီဂျင်းကိုယ်တိုင်ယူလာပေးတော့ ချယ်ယောင်းနဲ့မိတ်ဆက်ပေးလိုက်သည်။ တယောက်ကိုတယောက် ပြုံးပြနှုတ်ဆက်ကြပြီး ဟီဂျင်းက .....။
'' လီ ကျွန်မနဲ့ ခဏလောက် လိုက်ခဲ့ပေးပါလား။ သွားရမယ့်နေရာရှိလို့ပါ ''
ကိုယ့်ကိုကူညီထားသူမို့ လီဆာမငြင်းနိုင်။ သူမနောက်ကို လိုက်သွားခဲ့မိသည်။
'' ပန်းဆိုင်ရှေ့ ခဏရပ်ပေးပါနော် ''
တိုက်ဆိုင်သည်က ဟီဂျင်းရပ်ခိုင်းတဲ့ဆိုင်ဟာ မမရဲ့ပန်းဆိုင်။ မမမျက်နှာလေးကိုပါ မော်ဖူးချင်လာလို့ ဟီဂျင်းနဲ့အတူ ဆိုင်ထဲဝင်လိုက်သည်။
'' မမရော ''
'' အပြင်ကိုထွက်သွားပါတယ် စီအီးအို ''
'' ဘယ်ကိုသွားတာလဲ ''
'' မပြောခဲ့ဘူးရှင့် ''
ဟီဂျင်းပန်းတွေရွေးနေတုန်း မမဆီကို ဖုန်းခေါ်လိုက်သည်။ ဖုန်းသံက နောက်ကျောဘက်ကလာတဲ့အသံ။ လှည့်ကြည့်လိုက်တဲ့အခါ သူ့အား စူးစိုက်ကြည့်နေပါသော ဇနီးဖြစ်သူ။
'' မမ ''
'' ရပြီ လီ။ သွားရအောင် ''
မမကိုမမြင်တဲ့ ဟီဂျင်းဟာ သူ့လက်မောင်းကို တွဲခိုသည်။ မမ၏မျက်ခုံးနှစ်ခု ထိလုမတတ် တွန့်သွားတာကိုမြင်၍ ဟီဂျင်းလက်ကို အမြန်ဖယ်လိုက်သည်။