အပိုင်း ၁၂

1.7K 248 30
                                    

မွန်းကြပ်တဲ့ကိစ္စရှိမှ ဆေးလိပ်သောက်ဖြစ်တာမဟုတ်ပဲ အားလပ်ချိန်တိုင်းကို နှုတ်ခမ်းပေါ် စီးကရက်တင်တတ်လာတယ်။ စာကြည့်ခန်းရဲ့ ဝရန်တာမှာ လေညင်းခံရင်း စီးကရက်ကို လက်ကြားညှပ်ထားသည်။ အမောပြေစရာလေးက ပန်းခင်းထဲမှာ လီဆာ့ဒေစီလေး ထိုင်နေသည်။

မမရဲ့ လှုပ်ရှားမှုတွေကို ကြည့်နေရင်း ဆေးလိပ်အငွေ့တွေကို မှုတ်ထုတ်နေတုန်း မမက ဝရန်တာဆီ မော့ကြည့်သည်။ ပြေးပုန်းလို့ မရတော့တဲ့ အခြေအနေမှာ လီဆာပြုံးပြလိုက်သည်။ မမမျက်ခုံးလေးများ တွန့်သွားတယ်ဆိုပါတော့။ အတန်ကြာတဲ့အထိ မမဟာ သူ့ကိုကြည့်နေခဲ့သည်။ မမနဲ့အကြည့်ချင်းမဆုံရတာ ကြာပြီဖြစ်၍ မမမျက်ဝန်းတွေကို တမေ့တမော ငေးမိပြန်သည်။

အရင်ဆုံး မမက အကြည့်လွှဲသွားသည်။ အလိုမကျတော့ဘူး ထင်ပါရဲ့။ ချာခနဲ လှည့်ထွက်သွားသည်။ သူ့အဖော်တွေက စီးကရက်တွေပါပဲ။ အငွေ့လိုလို ပျောက်ကွယ်မှုတွေက သူနဲ့သင့်တော်တယ်။

လီဆာတို့အိမ်မှာ မေမေလွှတ်ပေးထားတဲ့ အဒေါ်ကြီးရောက်နေသည်။ သူတို့အိမ်ထောင်ရေးအကြောင်း သူတို့ကလွဲပြီး တခြားလူတွေကို မသိစေချင်ပေမယ့် လီဆာလုပ်သမျှ ဘာမှမစားတဲ့မမကြောင့် လက်ခံလိုက်သည်။ နောက်ထပ် အကြောင်းပြချက်က မမအသံလေးကို ပြန်ကြားရသည်။ မမက သူမ စားချင်တာလေးတွေကို အဒေါ်ကြီးကို ပြောပြတတ်သည်။

'' ဂင်ချီထမင်းကြော်က နည်းနည်း...... ''

'' အရမ်းကောင်းတယ် အဒေါ်ကြီး ''

'' နောက်နေ့ အစပ်လျှော့ပေးပါ ''

'' မနက်ဖြန်ကစပြီး မနက်စာကို ကျွန်မရဲ့အခန်းထဲကို လာပို့ပေးပါ ''

'' မမ ဒါကအရမ်းစပ်နေလို့ လီလီပြောနေတာလေ။ ကျန်းမာရေးကြောင့် ပြောနေရတာ။ ဂျစ်မတိုက်စမ်းနဲ့ကွာ ''

ဝုန်းခနဲ ထရပ်လိုက်တဲ့ မမကြောင့် လီဆာ အသက်အောင့်လိုက်မိသည်။ မမက သူ့ကို စကားမပြောပဲ အပေါ်ကို တတ်သွားသည်။ စားလက်စ ထမင်းကြော်ပန်းကန်ကို ထားခဲ့ပြီး မမနောက်ကို လိုက်ရသည်။

'' မမရေ .. လီလီက မမဗိုက်အောင့်မှာစိုးလို့ပါ။ မမလက်ကလေးကို အပ်ထိုးရင် လီလီ့ရင်တွေ ကွဲမတတ်ပဲ။ အဲဒါကြောင့် မမရယ် လီလီ့စကားကို နားထောင်ပါနော် ''

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now