အပိုင်း ၄

1.2K 183 15
                                    

ဘယ်ရထားမှာမှ မလွဲခဲ့ဘူး။ လီဆာ့အသက် ၁၆နှစ်မှာ ကွဲသွားတာ။ မမက မိန်းမလှလေးဖြစ်၍ ဆိုးလ်တက္ကသိုလ်ကို ရောက်သွားခဲ့တယ်။


'' လူဆိုတာ ချက်ချင်းပြောင်းလဲရင် သေခါနီးလို့ တဲ့။ လီဆာ ဘာလို့စာကြိုးစားနေရတာလဲ။ ငါ့မှာ သူငယ်ချင်းဆိုလို့ နင်ပဲရှိတာနော် ''

သင်္ချာတွက်နေတဲ့ လီဆာ့ပုခုံးကို ဖက်ကာ ချယ်ယောင်းက စနောက်သည်။ ချယ်ယောင်းစကားကို ပြန်မချေပဖြစ်ပါ။ လီဆာလည်း မမရှိတဲ့ တက္ကသိုလ်ကို သွားရမယ်။

'' ငါ တက္ကသိုလ်တတ်ရမယ် ''

'' ဒါပေါ့ တတ်ရမှာပေါ့ ''

'' ဆိုးလ်တက္ကသိုလ်ကို တတ်ရမယ် ''

'' နင်လည်း တက္ကသိုလ်ရောက်ရော မမဂျန်းနီလည်း ကျောင်းပြီးရောပေါ့။ ကိုယ့်အတွက်ကိုယ် ရှင်သန်ကြည့်စမ်းပါ။ နင်ဘာကိုဝါသနာပါလဲ ''


ဘာကိုဝါသနာပါလဲတဲ့။ ၎င်းစကားကို လီဆာ တွေးတောမိသည်။ သူ ဘာကိုဝါသနာပါတာလဲ။ သူ့မှာ ဝါသနာရယ်လို့ ကြီးကြီးမားမား မရှိဘူး။

'' မရှိဘူး အဲလိုမျိုး ''

'' နင်သတိထားမိလား လီဆာ။ နင်က မမဂျန်းနီကို အစ်မတယောက်လို မဟုတ်ပဲ မိန်းကလေးတယောက်လို ချစ်နေပြီ။ ပြောရရင် ၅၂၈ အချစ်မျိုးမဟုတ်ပဲ ၁၅၀၀ကို ကူးနေပြီ ''

တဇွတ်ထိုးဆန်တဲ့လီဆာက ဒါကို သတိထားမိမှာ မဟုတ်ဘူး။ သူ့စိတ်ထဲမှာ ဂျန်းနီကင်က သူ့အပိုင်လို့သာ တွေးနေခဲ့တာ။

'' မဟုတ်တာတွေ မပြောနဲ့ ချယ်ယောင်း။ ငါက မမကို အစ်မအရင်းလိုပဲ ချစ်တာ ''

'' လီဆာ ဘယ်လိုညီမအရင်းက ကိုယ့်အစ်မအရင်း ချစ်သူရမှာကို အသေအလဲကြောက်တာ နင်မြင်ဖူးလဲ ''

'' ချယ်ယောင်း  ..  ငါ  .. ''

'' မမဂျန်းနီက မိန်းကလေးချင်း သဘောကျမယ့်လူမျိုး မဟုတ်ဘူး လီဆာ။ ငါအကဲခတ်ကြည့်ပြီးပြီ။ အမျိုးသားတယောက်ကိုပဲ ချစ်ကြိုက်လိမ့်မယ် ''

'' နင်က ဆရာမကြီးလား။ ​မမက မိန်းကလေးချင်း ချစ်ကြိုက်စိတ်ဝင်ဖို့ မလိုပါဘူး။ ငါ့တယောက်တည်းကိုချစ်ရင် ရပြီလေ ''

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now