အပိုင်း ၁၉

1.7K 249 46
                                    

မမနဲ့အတူနိုးထရတဲ့ မနက်ခင်းမဟုတ်ကတည်းက စောက်ကျတ်သရေမရှိတဲ့ မနက်ခင်းဖြစ်သွားပြီ။ ညက အလွန်အကျွံမသောက်ခဲ့။ သို့ပေမယ့် ဘာကိုမှမမှတ်မိ။

ရေချိုးခန်းထဲကမှန်ရှေ့ ကိုယ့်မျက်နှာကိုယ်ကြည့်ရင်း မသတီဖြစ်လာသည်။ သူဟာ မမ မဟုတ်သော တခြားသူနှင့် ထိတွေ့ခဲ့မိသလား။ နိုးလာရတဲ့ အခြေအနေကိုကြည့်ရရင် ကျိန်းသေတခုခုဖြစ်ခဲ့ပြီ။ ထိတွေ့မိခဲ့သူကလည်း ဟီဂျင်းဖြစ်နေ၍ ပိုပြီးအားနာမိသည်။

ရေချိုးခန်းကနေ ထွက်လာတဲ့အခါ ကုတင်ပေါ်က ဟီဂျင်းဟာ သူအားပြုံးပြနေသည်။ သက်ပြင်းတွေချမိတာ အခါခါပါပဲ။  ဒီအချိန်မှာ ဘာကိုမှမစဥ်းစားနိုင်။ မမကိုသာ လွမ်းလှသည်။

'' ဘာဖြစ်နေတာလဲ လီ။ နစ်နာသူက ကျွန်မနော် ''

ဟီဂျင်း၏ နစ်နာသူ ဆိုသော စကားလုံးကြောင့် မျက်လုံးပြုးသွား၏။ အခုရှုပ်မှ နောင်ရှင်းဆိုသလို ရက်စက်တယ်ဟု ဆိုချင်လည်းဆိုစေတော့။

'' ဟီဂျင်း ဒါတွေက စိတ်ပါပြီးဖြစ်ခဲ့တာတွေ မဟုတ်ဘူးလေ။ ဒါကြောင့် ငါတို့မေ့လိုက်ရအောင် ''

လွယ်လင့်တကူပါပဲ။ ဟီဂျင်းဟာ ခေါင်းငြိမ့်ပြသည်။ ဟီဂျင်းပြန်ပြောတဲ့စကားကြောင့် စိတ်သက်သာရာရသွားသည်။

'' စိတ်တွေရှုပ်မနေစမ်းနဲ့ လီရယ်။ one night stand ဆိုတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလေ။ မိန်းကလေးချင်းကို ဘာတွေလန့်ဖြန့်နေတာလဲ ''

'' သန့်ရှင်းရေးလုပ်လိုက်ပါလား ဟီဂျင်း။ ငါ အပြင်ကစောင့်နေမယ် ''

မနေ့ကအင်္ကျီကိုပဲ ကောက်ဝတ်ပြီး အပြင်ကိုထွက်ခဲ့သည်။ အရက်နံ့တွေ နံနေသည်မို့ အတွင်းရေးမှူးလေးကို ဖုန်းဆက်ကာ သူနှင့်ဟီဂျင်းအတွက် အဝတ်အစားယူလာခိုင်းလိုက်သည်။

အချိန်အားဖြင့် company သွားချိန်ကိုကျော်လွန်နေ၍ ဟီဂျင်းနှင့်အတူ ထွက်လာခဲ့သည်။ အဲလိုလုပ်လိုက်တာက သူ့အတွက် အမှားကြီးမှားသွားမှန်း လီဆာမသိလိုက်။

ကုန်တိုက်ခွဲတွေ ထပ်မံဖွင့်လှစ်ဖို့ ကြိုးစားနေတုန်း အနှောင့်အယှက်တွေ ပေါ်လာလိမ့်မယ်လို့ မထင်ခဲ့မိတာလည်းပါသည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ လွန်ကဲသွားခြင်းလည်း ဖြစ်နိုင်၏။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now