_2_

13.2K 1.1K 29
                                    

{Uni}

Knock Knock

"​လော့မချထားဘူး"

ဖန်ရှင်းတစ်​ယောက် တံခါးလော့မချထားဘူးဆိုသည်ကြောင့် တံခါး​လေးဖွင့်ပြီးဝင်လာ​​သောအခါ မှန်​ရှေ့တွင် ဆံပင်ပုံသွင်း​နေသည့်Seanကိုတွေ့သည်။

ခေါင်း​လျှော်ရေချိုးပြီး Gucci အင်္ကျီအဖြူလေးနှင့်Seanသည် သိပ်ကိုချစ်ဖို့​ကောင်း​နေ​ပါ၏။

"ဖွားဖွားပြန်ရောက်​နေပြီ Sean။ ထမင်းစားဖို့ ​စောင့်​နေတယ်"

"​ရောက်​တောင်လာပြီလား။ ခန​နေရင်ဆင်းခဲ့မယ်​ Shinn"

"အင်း"

"အာ....Shinn"

"​အင်း ပြော"

အပြင်ထွက်ဖို့လုပ်​နေရာမှ ဖန်ရှင်းပြန်လှည့်ပြီးထူး​လိုက်သည်။

"ငါ​လေ ဖွားဖွားကို ပေကျင်းမှာကျောင်းသွားတက်ဖို့ ​ပြောရင်​ ကောင်းမလားလို့"

"မ​ကောင်းလောက်ဘူးထင်တယ်​။ ဖွားဖွားက..."

"ငါသိပါတယ် ဒါ​ပေမယ့်ငါသွားချင်တယ်​လေ"

"မင်းသားရိ​ပေါ်​ကြောင့်လား"

"......"

"မင်းသားတစ်​ယောက်အတွက်နဲ့ Seanရာ.."

"သူ့​ကြောင့်လည်းပါတယ်။ ပြီး​တော့ မားနဲ့ပါးတို့ကိုလည်း​တွေ့ချင်​သေးတယ်.."

​ပြောရင်းအသံတိမ်ဝင်သွားသည့် ရှောင်းကျန့်​ကြောင့် ဖန်ရှင်းသူ့အနားသွားကာ ပုခုံး​လေးပုတ်ပြီးနှစ်သိမ့်လိုက်သည်။

"ကြိုးစား​ပြီး​ပြောကြည့်​လေ။ တကယ်လို့သွားလို့ရရင် ငါလည်းလိုက်ခဲ့မယ်Sean"

"ငါ့ကို မင်းပဲနားလည်တယ်Shinn"

"​​တော်စမ်းပါကွာ။​ အောက်မှာဖွားဖွားစောင့်​နေပြီ သွားမယ်"

"အင်း အင်း"

သွက်လက်​သော​ခြေလှမ်းတို့ဖြင့်​ အောက်ထပ်ဆင်းသွားလိုက်သည်။ ထမင်းစားခန်းထဲ​ရောက်​သည့်အခါ စားပွဲ​ပေါ်တွင် မြင်​နေရသည့်ဟင်းပွဲ​တွေသည် သာမန်လူသာဆို မျက်လုံးပြူးသွားနိုင်​​သော်လည်း ၁၀နှစ်​ကျော်​လောက်မြင်​ဖူး​​နေသည့် သူ့အဖို့​တော့ မထူးဆန်း​တော့​ပေ။

My Special Boyfriend [Complete]Where stories live. Discover now