_9_

10.6K 914 13
                                    

{Uni}

​ပူထူလို့​ပင်မဆုံး​သေး။ ချက်ချင်း​ဝင်လာသည့်ဖုန်း​ကြောင့် ကိုင်လိုက်ရသည်။

"ဟယ်လို ဝမ် ..​ကော"

"ကိုယ့်အချစ်​လေးမျက်နှာ​ကို မြင်ချင်လိုက်တာ"

"....."

နာမည်​တွေကို သူအသည်းယားလျှင် ယားသလို​ ပြောင်း​ခေါ်​​နေသည့် ဝမ်ရိ​ပေါ်သည် ​ရှောင်းကျန့်၏ အသည်းတစ်ခြမ်း​လေးဖြစ်သည်။

"မနက်ဖြန်ကိုယ်နဲ့ Dateရ​အောင်"

"ဟုတ်!"

"ကိုယ့်ကို အသည်းယား​​အောင်လုပ်​နေတာလား"

"မလုပ်ပါဘူး"

"ဟာကွာ...အခုချက်ချင်းပြေးလာပြီး ဆွဲနမ်းချင်စိတ်​တွေကို မနည်းထိန်းချုပ်ထားရတယ်"

"...."

"​ဝေ့! ကိုယ့်ကို ဘာမှပြန်မ​ပြော​တော့ဘူးလား"

"ဘာ​ပြောရမှန်းမသိလို့"

"ဘာ​​ပြောရမှန်းမသိဖြစ်​နေရင် ချစ်တယ်လို့​ပြော"

"....."

"ကိုယ် VCခေါ်လိုက်မယ်"

​ပြောပြီးသည်နှင့် ဖုန်းတန်းချသွားကာ ပြန်ဝင်လာသည့် VC Callကြောင့် ​ရှောင်းကျန့်ကိုင်လိုက်သည်။

"ဖက်ထုပ်​ကြော် မစားရ​သေးဘူးလား"

"မစားရ​သေးဘူး"

"ဒါဆိုစား​လေ ကိုယ်​စောင့်​ပေးမယ်"

"ဟုတ်"

​​ရှောင်းကျန့် ဖုန်းကို မှောက်ထားသည့်ပန်းကန်လုံးနှင့် မှီထားလိုက်ကာ တူ​လေးကိုင်၍ ဖက်ထုပ်တစ်ခုစ,စားလိုက်သည်။

"စားကောင်းလား"

"​ကောင်းတယ်"

"ဒါဆိုများများစား ​ရှောင်းလေးက ပိန်လွန်းတယ်"

"ဘယ်..ဘယ်လို​ခေါ်လိုက်တာ"

"​ရှောင်းလေးလို့ ​ခေါ်လိုက်တာ​လေ။ အသည်းယားလို့"

"ဝမ်ကောကလည်း ကျွန်တော်ဘာမှလည်း အသည်းယား​အောင်မလုပ်မိဘဲနဲ့"

"အခုလိုပြန်​ပြောတာ​လေးကိုက အသည်းယားဖို့​ကောင်း​နေတာ"

"...."

My Special Boyfriend [Complete]Where stories live. Discover now