_11_

10.6K 880 43
                                    

{Uni}


"ကျွန်မက ရှင့်လိုဆင်းရဲနွမ်းပါးတဲ့သူရဲ့အချစ်ကို လက်ခံရ​အောင်ထိ မတုံး​သေးဘူး"

"မင်းစကား​တွေက လွန်​နေပြီ​နော်။​ ​နောင်တစ်ချိန် အခုလို​မောက်မာနိုင်ဦးမလား ကြည့်ရ​သေးတာ​ပေါ့"

'ကတ်'

"အဆင်​ပြေပြီ။ ဒီ​​နေ့အတွက်ဒီ​လောက်ပဲမို့ နားလို့ရပါပြီ။ တာဝန်​ကျေပါတယ်"

ဒါရိုက်တာ၏ အဆင်​ပြေ​ကြောင်းပြောသံကြားမှ ဝမ်ရိ​ပေါ် သက်ပြင်းချနိုင်​တော့သည်။ သူတို့ယခု ဒီအခန်းရိုက်​နေသည်မှာ ဒါနဲ့ဆို၇​ခေါက်​မြောက်ရှိပြီ။ မင်းသမီးသည်အမှား​တွေချည်းလုပ်​နေသည်မို့ပင်။

"​ကော ​ရှောင်းလေးကိုကြိုဖို့မှီ​သေးတယ်။​ အမြန်သွားရ​အောင်"

"အင်း သွားကြမယ်"

"ရိ​ပေါ်​..."

ဝမ်ရိ​ပေါ်တို့လှည့်ထွက်ရန်အပြင်တွင် အသံကိုဆွဲကာ နာမည်​ခေါ်လာသည့် မင်းသမီးလျို​မေ​ကြောင့် ဝမ်ရိ​ပေါ် မျက်​မှောင်ကြုံ့၍နာရီကြည့်လိုက်သည်။

"မြန်မြန်​ပြောပါ သွားစရာရှိ​သေးလို့"

"လျိုက ညစာအတူစားဖို့ဖိတ်ချင်လို့ပါ။ ပါးကလည်း အိမ်​ခေါ်ခဲ့ဖို့ပြောလိုက်လို့"

ဝမ်ရိ​ပေါ်အ​တွေးထဲ ​ဒေါသသည်ထောင်းကနဲ။

"မင်းသမီးရဲ့အ​ဖေက အိမ်​ခေါ်ခဲ့ဖို့​ပြောရတဲ့အထိ ကျွန်တော်တို့နှစ်​ယောက်ရဲ့ဆက်ဆံ​ရေးက မရင်းနှီးဘူးထင်တယ်။ မင်းသမီးကဘယ်လို​တွေ  ပိုလျှံပြီး​ပြောထားလဲ​တော့မသိ​ပေမယ့် ကျွန်တော်အခုကိစ္စကိုလက်မခံပါဘူး။ တခြားသူနဲ့ပဲအတူစားလိုက်ပါ ခွင့်ပြုပါဦး"

တစ်ခွန်းမှပြန်အ​ပြောမခံဘဲ တရစက်​ပြောကာ ထွက်လာလိုက်သည်။ တကယ်ပါပဲ ​ရှောင်းကျန့်ဆီသွားဖို့အ​ရေး သက်သက်မဲ့အချိန်ကုန်လိုက်ရသည်။

Tee Tee!

ဖုန်းဆက်ထားသည်မို့ ​ကျောင်းနားမှသစ်ပင်အကွယ်နားကိုလျှောက်လာရင်း ရှာ​နေသည့်ရှောင်းကျန့်အား ဟိုက်ခွမ်း ဟွန်းတီးကာအချက်ပြလိုက်သည်။​ ရှောင်းကျန့် ချက်ချင်းပင်လူရှင်းမရှင်းကြည့်၍ သူတို့ဆီ​ပြေးလာ၏။

My Special Boyfriend [Complete]Where stories live. Discover now