_5_

11.4K 1K 21
                                    

{UNI}

ပွဲမစခင် ၁၅မိနစ်အလို​လောက်၌ စင်​နောက်တွင်နေရာယူ​နေသည့် Tsinghuaတက္ကသိုလ်၏ ဂီတအဖွဲ့ကို​တွေ့ရမည်ဖြစ်သည်။

စင်​ရှေ့တွင်လည်း ဝမ်ရိ​ပေါ်၏ Fan​​တွေနှင့်သာ ပြည့်​နေသည်မို့ ဤပြိုင်ပွဲတွင် သူတို့တက္ကသိုလ်က အနိုင်ရမည်ဆိုတာ ​သေချာ​နေသည်။

ကျောင်းသား​ဟောင်း​များ၏ ​ပြောကြားချက်အရ​ဆိုလျှင် သူတို့တက္ကသိုလ်ဂီတအဖွဲ့သည် အလွန်စည်းလုံးကာ အရမ်းလည်းတော်ကြသည်မို့ နှစ်တိုင်းအနိုင်ရသည်တဲ့။ ဒီနှစ်လည်းနိုင်မှာသိ​ပေမယ့် ဒီနှစ်က​တော့ အမှတ်ပိုရပြီးအနိုင်ရမည်တဲ့။

​သေချာပေါက် ဝမ်ရိ​ပေါ်​ကြောင့်​​ပေါ့။

ဝမ်ရိ​​ပေါ်နှင့်အတူ ​ကျောင်း၏ဂီတအဖွဲ့ စင်​ပေါ်​တက်လာသည်နှင့် အသံ​အောင်လွန်းသည့် မိန်းက​လေး​များ၏ အသံသည် ထုနဲ့​ဒေး။ တချို့ဆို ညဝတ်အင်္ကျီ​တွေနှင့်ဖြစ်သည်။ တချို့ကျပြန်တော့လည်း ​ခေါင်း​တောင်မဖြီးထားဘဲ Bannerကြီးကိုင်ကာ ခုန်​ပေါက်​နေသည့်သူ​တွေကို ​တွေ့ရသည်။​ အိပ်ယာထ​နောက်ကျ၍ ကျောင်းမလာဘူးဆုံးဖြတ်ထားပြီးကာမှ ဝမ်ရိ​ပေါ်ကိုလာအား​​​ပေးကြသည်ထင်၏။

သီချင်းဆိုရုံပါမက အက​​လေးနှင့်ပါ စိတ်ပါလက်ပါ​ဖျော်​ဖြေ​နေသည့်သူတို့ Idolကလည်း အရမ်းဆွဲ​ဆောင်မှုရှိ​နေသည်။

​ရှောင်းကျန့်လည်း Cameraမပါလာသည်ကြောင့် ဖုန်းနှင့်သာ ရှု​​ထောင့်ကောင်း​အောင်ချိန်၍ရိုက်ရသည်။ ဝမ်ရိ​ပေါ်တို့ဆင်းသွား​သည့်အခါ ​နောက်အဖွဲ့တွေတက်လာပြီး ၂နာရီ​လောက်ကြာမှ ပွဲပြီးသည်။ အားလုံးမျှော်မှန်းထားသည့်အတိုင်း သူတို့တက္ကသိုလ်ကအနိုင်ရသည်။

ပွဲပြီးသည်ထိမပြန်​သေးသည့် သူတို့Idol​ကြောင့် Fanတွေမှာလည်း အတန်းချိန်​တွေပြီးသွားသည်တောင်မပြန်နိုင်​သေးဘဲ ယောင်လည်လည်လုပ်​နေရသည်။​ ကျောင်း​ရှေ့တွင်လည်း Fanတွေပြည့်​နေ​သေးသည်။ ယခုချိန်မပြန်လျှင် လူပိုကြပ်လာ​တော့မည်။

ဝမ်ရိပေါ်ဘာလုပ်​နေတာပါသနည်း။

ဖွားဖွားလွှတ်ပေးထားသည့် ကားဖြင့်သာ အသွားအပြန်လုပ်​နေရသည့် ရှောင်းကျန့်နှင့်ဖန်ရှင်းသည်လည်း ပြန်ရမလိုလို ဆက်​စောင့်​နေရမလိုလို။

My Special Boyfriend [Complete]Where stories live. Discover now