_FINAL_

12K 841 22
                                    

{Uni}


ဝမ်ရိ​ပေါ် နား​နေခန်းထဲတွင်တရှူးရှူး တရှဲရှဲဖြစ်​နေသည်။ State Cameraတွင် ရိုက်မိထားသည့်ဓါတ်ပုံတစ်ပုံ​ကြောင့်ဖြစ်သည်။ ဘယ်ဘက်ကကြည့်ကြည့် သူ့ရဲ့အချစ်​တော်၊ အသည်းတုံး၊ ပူတူး၊ ပိစိ၊ အသည်းမြစ်​လေးဆိုတာပင်။

ဝမ်ရိ​ပေါ် နား​နေခန်းထဲတွင်တရှူးရှူး တရှဲရှဲဖြစ်​နေသည်။ State Cameraတွင် ရိုက်မိထားသည့်ဓါတ်ပုံတစ်ပုံ​ကြောင့်ဖြစ်သည်။ ဘယ်ဘက်ကကြည့်ကြည့် သူ့ရဲ့အချစ်​တော်၊ အသည်းတုံး၊ ပူတူး၊ ပိစိ၊ အသည်းမြစ်​လေးဆိုတာပင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"တစ်​ယောက်တည်းစိတ်မချလို့လိုက်မလာပါနဲ့ဆိုတာကို ရ​အောင်ခိုးလိုက်လာ​သေးတယ်။ ​တွေ့မယ်​ ​​တွေ့မယ်!"

"ဘယ်သူ့ကို​တွေ့မလို့လဲဟင် ဝမ်​ကော"

တစ်​ယောက်တည်း ကြိမ်းဝါး​နေတုန်း အ​ပေါက်ဝကအသံ​ကြောင့်လှည့်ကြည့်မိ​သည့်အခါ ဟိုက်ခွမ်း​ကောနှင့်အတူရပ်​နေ​သော သူ့ရဲ့အသည်းတုံးလေး။

"​ရှောင်းလေး"

"ဟီး..ဝမ်ကော Surprise!!"

"မSurpriseဘူး။ ကိုယ့်စကားကိုနားမ​ထောင်တာလား"

"ဝမ်​ကောကလည်း...​ရှောင်းလေးကFan Boy​လေးအ​နေနဲ့လိုက်လာတာပါ။ ဝမ်​ကော​ပြောသလိုနောက်ဆုံးပွဲလည်းဖြစ်သွားနိုင်တယ်ဆိုလို့ ​ရှောင်းလေးကလာတာကို..."

လက်​လေးနှစ်ဖက်ယှက်ကာ ပြော​နေသည့်ရှောင်းကျန့်က သူ့အပြစ်​တော့သူသိသည်။​ ခေါင်းကိုမ​ဖော်ဘဲပြော​နေ၏။

"ဒီကိုလာ"

​ပေါင်ကိုပုတ်ပြပြီးခေါ်​တော့ အလိုက်တသိသူ့​ပေါင်​ပေါ်လာထိုင်သည်။ ခါးက​​နေသိုင်းဖက်ပြီး မျက်နှာချင်းဆိုင်လိုက်၏။

"​နောက်တစ်ခါ ကိုယ့်ကိုမ​ပြောဘဲထပ်လုပ်ရင် ကိုယ့်အ​ကြောင်းသိတယ်​နော်"

"ဟုတ်"

"လာပါဦး နမ်းချင်လို့"

မျက်နှာ​လေးကပ်​ပေးတာ​ကြောင့် လွမ်း​နေရတဲ့ နှုတ်ခမ်းသား​လေးကို ပယ်ပယ်နယ်နယ်နမ်းပစ်လိုက်သည်။ ဟိုက်ခွမ်းက​တော့ ဘယ်အချိန်ကတည်းကထွက်သွားတယ်မသိ အခန်းထဲသူတို့နှစ်​ယောက်တည်းဖြစ်သည်။

My Special Boyfriend [Complete]Where stories live. Discover now