_16_

9.7K 807 9
                                    

{UNI}

တစ်​နေ့လုံးလာပို့သည့်စားစရာ​တွေကိုလည်း လက်နှင့်တောင်မတို့ဖြစ်​ပေ။ ဖုန်းပါယူသွားသည်မို့ ဝမ်ရိ​ပေါ်ကိုလွမ်းတဲ့စိတ်နှင့် ဝရန်တာနားထွက်ထိုင်​နေသည်မှာမိုးချုပ်သည်အထိပင်။

တံခါးဖွင့်သံကြား​ပေမယ့်လှည့်မကြည့်​မိ။ ညစာလာပို့တာ​ပဲနေမည်။

"​ရှောင်းလေး..."

​ရုတ်တရက်ကြားလိုက်ရသည့်အသံသည် နှစ်​ယောက်မရှိ​သောဝမ်ရိ​ပေါ်၏ အသံဆိုတာ​သေချာသည်။​ အနောက်လှည့်ကြည့်​လိုက်သည့်အခါ တကယ်ကို သူ့အားပြုံးပြ​နေသည့်ဝမ်ရိ​ပေါ်ကို​တွေ့သည်။ နေရာက​နေထကာ ချက်ချင်း​ပြေးဖက်မိလိုက်၏။

"​​​တွေ့ချင်​နေတာ။ အရမ်းလွမ်း​နေတာ ဝမ်​ကော.."

သူ့​ခေါင်းကိုဖိကိုင်ရင်း ဆံပင်​တွေကိုနမ်းရှုံ့ကာ ဝမ်ရိ​ပေါ်က သူ့ကိုရင်ခွင်ထဲကကိုအထွက်မခံ​တော့​ပေ။

"ဘယ်..ဘယ်လိုဝင်လာတာလဲဟင်။ အ​စောင့်​တွေရှိတယ်​​လေ"

"ခြံတံခါးပွင့်ဖို့အတွက် Shinnကူညီတာ။ ကိုယ်မနက်ကတည်းက​ရောက်​နေတာ အခုမှအ​စောင့်​တွေလစ်တုန်း ​အောက်ထပ်ကအိမ်​တော်ထိန်းညွှန်​ပေးတဲ့အတိုင်း ရှောင်းလေးအခန်းဆီဝင်လာတာ"

"အိမ်​တော်ထိန်း Ku?"

"အင်း Shinnဖုန်းဆက်ပြီး​ပြော​ပေးထားတာတဲ့"

စကားစ​တွေပြန်ဖြတ်ပြီး ​နောက်တစ်ကြိမ်ထပ်ဖက်ထားကြသည်။

"တံခါးကို​သော့ဘာလို့မခတ်ထားတာလဲ"

အပြင်ကဖွားဖွား၏အသံကြားသည်ကြောင့် ​ရှောင်းကျန့် ဝမ်ရိ​ပေါ်ကိုရေချိုးခန်းထဲ အမြန်ပုန်းခိုင်းပြီးကုတင်​ပေါ်ထိုင်​နေလိုက်သည်။

"​မြေး​လေး။ ခြံထဲမှာအ​စောင့်တစ်​ယောက်အရိုက်ခံထားရပြီးမေ့​နေတာ​တွေ့လို့တဲ့ လူစိမ်းအရိပ်​ယောင်​တွေ့​သေးလား"

My Special Boyfriend [Complete]Where stories live. Discover now