{Uni}
မနက်၄နာရီ။
အရမ်းချမ်းသည်ကြောင့် စောင်လေးလှမ်းစမ်းသော်လည်းမတွေ့ ။ မျက်လုံးလည်းမဖွင့်ချင်တော့သည်ကြောင့် ကွေးကွေးလေးနေလိုက်သည့်အခါ ခန္ဓာကိုယ်ပေါ် ရောက်လာသော စောင်၏အနွေးဓါတ်ကြောင့် တကယ်ကိုနွေးသွားရသည်။
ပြီးမှ ရုတ်တရက်သတိရကာ မျက်လုံးကိုဖွင့်ကြည့်လိုက်လျှင် တွေ့လိုက်ရသည်မှာ သူ့အားစောင်ခြုံပေးသည့်တရားခံကိုဖြစ်သည်။
"ဝမ်ကော!"
"ဟင်..ဘာလိုချင်လို့လဲ ကလေးလေး"
"ဘယ်လိုဖြစ်ပြီး ကျွန်တော့်အခန်းထဲ..."
"ဒါကိုယ်ဝယ်ထားတဲ့အိမ်လေ။ အခန်းသော့အပိုတွေ ကိုယ့်မှာရှိတာထူးဆန်းလို့လား"
"မထူးဆန်းပေမယ့် ကျွန်တော့်အခန်းထဲရောက်နေတာတော့ ထူးဆန်းတယ်လေ"
"အင်း...အဲဒါက တစ်ရက်ပြည့်ပြီမို့လို့"
"ဘာ..ဘာတစ်ရက်လဲ?"
"ကိုယ့်ကိုအဖြေပေးဖို့ တစ်ရက်အချိန်ပေးထားတယ်လေ။ စဥ်းစားလို့ရအောင် ကိုယ်မနှောက်ယှက်ဘဲ စကားတောင်မပြောပေးခဲ့တာကို.."
"ဟမ်! မနေ့က ညနေကမှ.."
"ကိုယ်စပြောကတည်းက ၂၄နာရီလို့မပြောမိဘူး။ တစ်ရက်လို့ပဲပြောတာ။ အခု မနက်၄နာရီဆိုတော့ နောက်တစ်ရက်ရောက်ပြီ"
ဒါညစ်တာပဲ။
"ဒါပေမယ့်.."
"ရှူး..ကိုယ်အဖြေပဲကြားချင်တာ။ ပြီးတော့ ကိုယ်လိုချင်တဲ့အဖြေမရရင် တခြားနည်းသုံးမှာလို့လည်းပြောခဲ့တယ်"
"......"
"အချိန် ၃နာရီထပ်ပေးမယ်။ ဒီနေ့ပြန်မှာမို့ ကားမထွက်ခင်အဖြေလိုချင်တယ်။ ဖြစ်လား"
ရှောင်းကျန့် ဆွံ့အသွားပါသည်။ သူ့Idolသည်တစ်ဇွတ်ထိုးဆန်တာသိသော်လည်း အချစ်ရေးတွင် ဒီလိုဖြစ်နေလိမ့်မည်ဟုထင်မှတ်မထားခဲ့ပါပေ။
ခေါင်းညိမ့်ပြမိလား မညိမ့်ပြမိလားတောင်မသိတော့။ ဝမ်ရိပေါ်သည် အခန်းထဲမှထွက်သွားလေပြီဖြစ်သည်။ ဆက်အိပ်၍လည်းမရတော့သည်မို့ မျက်နှာသစ်ကာ ကုတင်ပေါ်သာ ငုတ်တုတ်ထိုင်နေလိုက်သည်။
YOU ARE READING
My Special Boyfriend [Complete]
Fanfiction||210310|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction Chinese actor Wang Yibo & his Japanese fanboy Xiao Zhan's love story.