_7_

10.5K 966 55
                                    

{Uni}

"ဂျပန်မှာ​နေတာ ကြာပြီလား"

"၅နှစ်သား အရွယ်​​လောက်ကတည်းကပါ"

"တရုတ်စာ​တွေက ခက်တယ်မလား"

"အရမ်းခက်တယ်"

ထိုင်​​နေရင်း အ​မေးအ​ဖြေလုပ်​နေသည့်သူတို့နှစ်​ယောက်သည် ​အေး​အအေး,ဆေး​ဆေးပင်။

"ချစ်သူရှိလား"

"ဗျာ! မ..မရှိပါဘူး"

"ကိုယ်လည်းမရှိတာ သိတယ်မလား"

"ဟုတ်!"

ဒီတစ်ခါ၌ နှစ်​ယောက်လုံး မအေး​ဆေးနိုင်​တော့​ပေ။ ချစ်သူမရှိတာ အတည်ပြုသိလိုက်ရသည်မို့ ​ပျော်​နေသည့်သူနှင့် ​နေရင်းထိုင်ရင်းပူထူသွားသည့်သူနှင့်။ နည်းနည်း​တော့ မတည်မငြိမ်နှင့် ရင်ဘက်ထဲမှ အ​ကောင်​ငယ်လေး​တွေခုန်‌ပေါက်လာ​ပြီဖြစ်သည်။

"ကိုယ့်Fanဖြစ်တာ ဘယ်​လောက်ကြာပြီလဲ"

"၃နှစ်​လောက်ရှိပြီ"

"ကိုယ် ပွဲဦးထွက်ကတည်းက​ပေါ့"

"ဟုတ်"

ရင်ဘက်ထဲမှ အ​ကောင်​လေး​တွေအနည်းငယ်ပြန်ငြိမ်သွား​လေပြီ။

"အချစ်ကို Genderခွဲလား က​လေး​လေး"

မရ​တော့.. ရင်ဘက်ထဲမှအ​ကောင်​လေးတွေ​​ကြောင့် ခန္ဓာကိုယ်ပါခုန်ချင်သလိုဖြစ်လာ၍ ​တော်​တော်​နေရခက်​နေပြီဖြစ်သည်။ က​​​လေး​လေး ဆိုလားပဲ။

"အချစ်က အချစ်ပဲ​လေ။ အချင်းချင်း ချစ်​နေရင် ရပြီမဟုတ်လား"

"အဟွန်း! မှန်တာ​ပေါ့"

အချိန်အ​တော်ကြာမှ ဝမ်ရိ​ပေါ်ဘက်က စကားပြန်စလာသည်။

"ဒီအချိန်မှာ ​ယောက်ျား​လေးတစ်​ယောက်က မင်း​လေးကို ရည်းစားစကား​ပြောမယ်ဆိုရင် ဘယ်လိုတုန့်ပြန်မလဲ"

"ဝမ်​ကော အခု!"

"ချစ်တယ်။ ကိုယ်Idolတစ်​ယောက်စဖြစ်ကတည်းက ကိုယ့်ကိုစိတ်ဝင်စား​အောင်​ရော တွေ့ချင်​အောင်ပါလုပ်နိုင်တဲ့သူ​​လေးပဲ။ အ​ကောင့်တစ်ခုတည်းနဲ့ ကိုယ့်နှလုံးသားကိုပါ ခိုးယူသွားတဲ့သူ​လေး။ ကိုယ့်ကို တာဝန်ယူသင့်တယ်မထင်ဘူးလား"

My Special Boyfriend [Complete]Where stories live. Discover now