_15_

9.1K 807 10
                                    

{UNI}

*ကိုယ်​လာ​နေပြီ*ဆိုသည့်စာတစ်​စောင်​ကြောင့် ​​လေဆိပ်မှာသွားကြိုဖို့ရှောင်းကျန့်ပြင်ရသည်။ ကားမ​မောင်းတတ်​သေးသည့်သူ့ကို Shinnကသာ လိုက်ပို့​ပေးသည်။

"​ရှောင်းလေး.."

​​လေဆိပ်ထဲမှလူ​​တွေကိုပင် ဂရုမစိုက်နိုင်​တော့ဘဲ အ​ပြေးဖက်မိသည့်သူတို့နှစ်​ယောက်သည် အနှစ်နှစ် အလလ ကွဲကွာ​နေခဲ့သည့်ချစ်သူ​တွေလိုပင်။ ဝမ်ရိ​ပေါ်ကို သိ​သောသူတချို့က ဓါတ်ပုံ​တွေရိုက်​နေကြသည်ကိုပင်အ​ရေးမလုပ်နိုင်​တော့ဘဲ နဖူးချင်း​တေ့ကာ အလွမ်းသယ်​နေကြသည်။

"ဝမ်​ကော ပင်ပန်း​နေ​တော့မှာ..."

"ဟင့်အင်း ​ရှောင်းလေး​ကိုမြင်​တော့အား​တွေပြန်​ပြည့်သွားပြီ"

တဖြည်းဖြည်းနှင့် လူ​တွေတစ်စတစ်စများလာသည်ကြောင့် ​လေဆိပ်မှာတင် လူတိုးပြီးညမအိပ်ရခင် အမြန်ထွက်လာလိုက်သည်​။ Shinnကိုအကူအညီ​တောင်းကာ ဟိုက်ခွမ်းကိုဟိုတယ်ပို့​ပေး​စေပြီး သူတို့နှစ်​ယောက်က​တော့လစ်ထွက်ခဲ့သည်။

"ဝမ်​ကောကို ဂျပန်မှာလူကြိုက်များ​နေတာ ဝယ်တိုက်မယ် လိုက်ခဲ့"

လက်​လေးဆွဲပြီးခေါ်သွားသည့် ရှောင်းကျန့်လက်ကို ဝမ်ရိ​ပေါ် ပြန်ဆွဲလိုက်သည်။

"​ရှောင်းလေး...ကိုယ်တို့ဖိနပ်က?"

ရိ​ပေါ်​​ပြောမှငုံ့ကြည့်​မိတော့ သူတို့နှစ်​ယောက်ဖိနပ်သည် မထင်မှတ်ထားပါဘဲ လာတူနေသည်။

ရိ​ပေါ်​​ပြောမှငုံ့ကြည့်​မိတော့ သူတို့နှစ်​ယောက်ဖိနပ်သည် မထင်မှတ်ထားပါဘဲ လာတူနေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဟီး...တိုက်ဆိုင်လိုက်တာ"

လက်ပြန်ဆွဲ၍ခေါ်သွားပြန်​သောရှောင်းကျန့်သည် ဝမ်ရိ​ပေါ် Maskမတပ်ထားသည်ကို ​မေ့​လျော့​နေသည်ထင်။ လူများသည့်Publicနေရာကြီးကိုဆွဲ​ခေါ်လာပြီး ဂျပန်မှာလူကြိုက်များတာဝယ်တိုက်မယ်ဆိုလို့ ဘာများလဲမှတ်သည်။

My Special Boyfriend [Complete]Where stories live. Discover now