Chapter 12
ယွမ်ရှင်းကျဲ ခဏမျှအံ့အားသင့်နေပြီးနောက် အေးစက်စွာဆိုလိုက်သည်။
"မင်းကိုဘယ်သူက၀င်လာခိုင်းလို့လဲ"
ချီယုလေသံကမူတည်ငြိမ်လျက်
"ငါ့မှာမင်းကိုပြောစရာရှိတယ်"
ယွမ်ရှင်းကျဲလည်း ချီယုယခုရောက်လာခြင်းမှာ မိသားစုကစ္စဖြစ်လောက်မှန်းရိပ်မိလေသည်။
အမူအယာကိုခန့်မှန်းရသလောက် စိတ်ကောင်း၀င်နေပုံပင်။ယွမ်ရှင်းကျဲမှစ၍ စေ့စပ်လမ်းကြောင်းဖျက်လိုက်စဥ်က သူအနည်းငယ်စိတ်ဓါတ်ကျနေခဲ့သည်။ သူ့အမြင်တွင် သူသည်ယွမ်ရှင်းကျဲလိုလူမျိုးထံမှ စေ့စပ်လမ်းကြောင်းအဖျက်မခံရသင့်ပေ။ သို့သော်လည်းဘေးတွင် ပြသနာရှာနေသောသူမရှိတော့သဖြင့် အတော်လေးအဆင်ပြေသွားသည်ဟုတော့တွေးမိဆဲပင်၊
ထပ်ပေါင်းရလျှင်ယွမ်ရှင်းကျဲ၏မိဘများက ချီယုအားအဆက်မပြတ်ဆက်သွယ်လျက် ယွမ်ရှင်းကျဲ၏အမှားကိုခွင့်လွှတ်ပေးရန်တောင်းပန်သည့်အခါ သူ့စိတ်မှအနည်းငယ်ကျေနပ်သွားခဲ့သည်။
ကြည့်ရသည်မှာယွမ်ရှင်းကျဲ နည်းနည်းလေးမှ စေ့စပ်လမ်းကြောင်းဖျက်ချင်ခဲ့ပုံမပေါ်ချေ။ သူ့ထံမှအာရုံစိုက်ခံရအောင် လုပ်နေခြင်းသက်သက်သာ။
သူကိုယ်တိုင်ပြန်တောင်းပန်ရမှာရှက်၍ မိသားစုအား အပူကပ်ထားခြင်းဖြစ်လိမ့်မည်။ သူသည် ယွမ်စှင်းကျဲသူ့ထံရောက်လာမည်ကိုစောင့်နေခဲ့သည်။ သို့သော်တဖက်လူက အတော်လေးဟန်ဆောင်ကောင်းပြီး တစ်ပါတ်လောက်ပျောက်နေနိုင်မည်မထင်ထားချေ။"ကြည့်ရတာမင်းကဒီအပတ်ထဲအတော်လေးခံစားလိုက်ရပုံပဲ" ချီယုသည်သူ၏နှုတ်ခမ်းပါးကိုမြှင့်လျက် လှောင်သံဖြင့်ဆိုသည်၊
"ကြည့်စမ်း အတော်ပိန်သွားတာပဲ ဟမ်"
ယွမ်ရှင်းကျဲအတွက် ဤရက်သတ္တပါတ်မှာအလွန်ပင်ပန်းသည့်တိုင် ၎င်းမှာချီယုနဲ့တစိုးတစိသော်မျှ သက်ဆိုင်ခြင်းမရှိချေ။ ယွမ်မိသားစုက ချီယုကိုတောင်းပန်ရန်ပြောသော်လည်း သူအမြဲငြင်းခဲ့သည်ချည်း။
STAI LEGGENDO
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasyDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...