38

6.4K 810 7
                                    

Chapter 38

ယွမ်ရှင်းကျဲက သူ့အမူအကျင့်များကို ပြောင်းလဲရန် ငြင်းဆိုနေသည့်အတွက် ချီယုစိတ်တိုလာပြန်သည်။

" ယွမ်ရှင်းကျဲ မင်း ဒီနေ့ပြောခဲ့တာတွေအတွက် နောင်တရစေရမယ် ..."

ယွမ်ရှင်းကျဲ အံကြိတ်ပြီး ပြန်ပြောလိုက်သည်။
" ဘယ်သူက နောင်တရမလဲ ကြည့်ကြသေးတာပေါ့ ...,

ချီယု ဒေါသတကြီးဖြင့် တံခါးကိုဆောင့်ပိတ်ပြီး ထွက်သွားသည်။

သို့သော် အပြင်ရောက်သွားချိန်၌ သူ့ရင်ထဲ နောင်တရလာသည်။

သူတို့နှစ်ယောက်ကြားမှဆက်ဆံရေးကို သူပြောင်းလဲပစ်ချင်သော်လည်း မတော်တဆဖြင့် အရာအားလုံးကို ပိုမိုဆိုးဝါးအောင် လုပ်လိုက်မိသည်။

သူ အသက်ပြင်းပြင်းရှုပြီး မျက်လုံးမှိတ်လိုက်သည်။ ကျောနောက်မှ အေးစက်နေသောသတ္တုတံခါးက သူ့ကို စိတ်မသက်မသာဖြစ်အောင် လုပ်နေသည်။

မှတ်ဉာဏ်တုထဲတွင် စုကျီနန်ဆီမှ မက်ဆေ့တစ်စောင်ရောက်နေသည်။

[ စုကျီနန် : ညီလေးရှင်းကျဲက စိတ်ဆိုးနေပြန်ပြီမလား ... ဟားဟား ဝမ်းမနည်းပါနဲ့ သူ့ကို ဂရုစိုက်ပေးလိုက်ပါ ...]

ချီယု မျက်မှောင်ကြုတ်ပြီး စိတ်ထဲတွင် ပြောလိုက်မိသည်။
သူက ဒီရက်ပိုင်း ယွမ်ရှင်းကျဲအကြောင်းပဲ စဉ်းစားနေတာလေ ဒါပေမဲ့ သူကငါ့ကို အခွင့်အရေးလေးတောင် မပေးဘူး ...

အဲ့ဒါ ဘယ်လိုလုပ် သူ့အမှားဖြစ်တော့မှာလဲ ...

စုကျီနန်က နောက်ထပ် မက်ဆေ့တစ်စောင်ပို့လိုက်သည်။
[ အစ်ကိုကြီးယု ညီလေးရှင်းကျဲက လူကောင်းလေးပါ ... သူ့ကို တန်ဖိုးထားနော် မဟုတ်ရင် တခြားလူတွေနဲ့ ပိုအဆင်ပြေသွားရင် ဘယ်လိုလုပ်မလဲ ...]

ချီယု စိတ်အနှောသ့်အယှက်ဖြစ်သွား၍ မှတ်ဉာဏ်တုကို ပိတ်ပစ်လိုက်သည်။

သူ့ကို တန်ဖိုးမထားလို့လား ... တောင်းပန်ပြီးပြီလေ ...

ချီယုထွက်သွားပြီးသည့်အခါ ယွမ်ရှင်းကျဲ သူ့အဝတ်များကို အနံ့ခံကြည့်လိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now