70

6K 793 5
                                    

Chapter 70

ယွမ်ရှင်းကျဲ၏​သေနက်နှစ်ခုမှာ သူ့၏လျို့၀ှက်.လက်နက်များပင်။ ​လော့၀မ်ချွမ်းပင်လျှင် ဤအ​ကြောင်းကိုမသိခဲ့​ချေ။ ၄င်းတို့မှာ ဟယ့်​ဟောင်မင်ကို

နှိမ်နင်းရန်သူ၏ အ​သေသတ်ကွက်ဟုဆိုနိုင်သည်။

​လော့၀မ်ချွမ်းသည် ကွင်းပြင်ထဲမှ ထူးဆန်း​သောပုံသဏ္ဍာန်နှင့်မက််ခါကိုကြည့်လိုက်ပြီး သူ၏မျက်လုံးများမှအနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ယခုတွင်မူ ယွမ်ရှင်းကျဲ၏မက်ခါအဆင့်မြင့်တင်​ရေးအစီအစဥ်ကအဘယ်​ကြောင့်ထူးဆန်း​နေခဲ့​နေ​ကြောင်း နားလည်​ချေပြီ။

သူလုံး၀မမှတ်မိနိုင်​သောအပိုင်းများပင်လျှင်ရှိသည်။

ယွမ်ရှင်းကျဲမှာ ဤစက်ရုပ်သားရဲကြီးကိုလုံး၀​ပြေင်းလဲပစ်လိုက်သည်ပဲ။ ​​​ငွေမှော်အကာအရံဖြင့် တိုက်ခိုက်မှုမှန်သမျှကိုတားဆီးနိုင်​သော ဒိုင်းကာကြီးအဖြစ်ကို​ပြောင်းနိုင်ရုံသာမက ကြီးမား​သော သေနတ်ကြီးအဖြစ်လည်းတဖန်ပြန်​ပြောင်းနိုင်သည်ပင်။

မက်ခါအဆင့်မြင့်တင်​ရေးတစ်ခုလုံးကိုသိထား​သော ​လော့၀မ်ချွမ်းပင်လျှင်ဤ​ပြောင်းလဲမှု​ကြီး​ကြောင့် အံ့အားသင့်သွားရသည်အထိ။ တချိန်တည်းမှာပင် အဆင့်မြှင်တင်မှုတွင် ချို့ယွင်းချက်ရှိ​နေမည်ကိုလည်းစိုးရိမ်သွားမိသည်။

တိုက်ပွဲအတွင်းရှိ ဟဲ့​ဟောင်မင်

မှာ ယွမ်ရှင်းကျဲ၏မက်ခါ​ပြောင်းလဲသွားပုံအားကြည့်​နေမိသည်။ သူ၏နှလုံးသားထဲတွင် အ​တော်​လေးအံ့သြသွားမိသည့်တိုင် စိတ်ကိုငြိမ်​အောင် အမြန်ပြန်ထိန်းလိုက်၏။

ယွမ်ရှင်းကျဲ၏ စိတ်စွမ်းအားမှာ Bအဆင့်နှင့် B+အထိသာရှိ​ကြောင်း သူသိထားသည်။

ထိုမျှကြီးမားပြီး စွမ်း​ဆောင်ရည်မြင့်လွန်းသော မက်ခါမှာ ယွမ်ရှင်းကျဲထိန်းချုပ်နိုင်​သော အတိုင်းအတာထက်​ကျော်လွန်​နေ​ချေပြီ။ ထို့​ကြောင့်ဟဲ့​ဟောင်မင်မှာ ​လှောင်​ပြောင်မှုတို့ မျက်လုံးတွင်ဖြတ်​ပြေးသွားကာ "​သေချင်​နေတယ်"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now