169

5.6K 579 15
                                    


Chapter 169

တစ်ပတ်အတွင်း၌ ယွမ်ရှင်းကျဲက အလွန့်အလွန် အရည်အချင်းရှိသော ဝန်ထမ်းအုပ်စုတစ်စုကို ခေါ်ယူခဲ့၏။

သူ၏စည်းမျဥ်းများအရ ယွမ်ရှင်းကျဲက လူတွေကို လိင်အမျိူးအစားနှင့်အသက်အရွယ်ပေါ် အခြေမခံပါဘဲ အရည်အချင်းတစ်ခုတည်းအပေါ်အခြေခံ၍ အလုပ်ခန့်အပ်ခဲ့သည်။ ဤအတွက်ကြောင့် အိုမီဂါနှင့်ဘီတာလျှောက်ထားသူများကြားမှ အရည်အချင်းရှိသူများစွာကို သူ တွေ့ရှိခဲ့လေ၏။

အင်ပါယာမက်ခါသုတေသနအဖွဲ့အစည်းကလူများစွာကပင် ရှင်းချွမ်းမက်ခါကုမ္ပဏီဆီသို့ ခုန်ကူးလာခဲ့ကြသည်၊ ဥပမာအားဖြင့် ယူဂျင်းပင်။

ယူဂျင်းက ယွမ်ရှင်းကျဲ၏သုတေသနလက်ထောက်ကနေ ဥက္ကဋ္ဌလက်ထောက်ဖြစ်လာခဲ့သည်။

သူ့ဝန်ထမ်းများ၏ အလုပ်ခုန်ကူးသွားခြင်းနှင့်ပတ်သတ်၍ ချန်ယွမ်၏စကားများသည်ကား—

အမှန်တော့ ငါလည်းခုန်ကူးချင်တာပေါ့ကွာ...ဒါပေမဲ့ ငါက ဌာနမှူးဖြစ်နေတယ်...

သို့ရာတွင် အလုပ်မပြောင်းနိုင်သော်လည်း

ချန်ယွမ်အနေဖြင့် ရှင်းချွမ်းမက်ခါကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်မှုစာချုပ်တသီကြီးကို လက်မှတ်ရေးထိုးနိုင်ဆဲဖြစ်၏။

ဤသည်က ချန်ယွမ်အပေါ် ယွမ်ရှင်းကျဲ၏ပြန်လည်ပေးဆပ်မှုဖြစ်လေသည်။ စာချုပ်ကိုရပြီးနောက် ချန်ယွမ် ပျော်လွန်း၍ အခန်းထဲမှာ သူအနှစ်သက်ဆုံးမိန်းကလေးအဖွဲ့အကကိုပင် ကလိုက်သေး၏။

မကြာမီ ရှင်းချွမ်းမက်ခါကုမ္ပဏီက စတင် အကောင်အထည်ပေါ်လာပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် အမှာစာများသည် နှင်းပွင့်များကဲ့သို့ ဝဲပျံနေကာ တစ်နှစ်အကြာစောင့်ဆိုင်းစာရင်းကို တခဏတွင်းချင်း ဖန်တီးခဲ့သည်။

ကုမ္ပဏီဖွံ့ဖြိုးတိုးတက်လာသည့်အပြင် ယွမ်ရှင်းကျဲကလည်း သူ့ကတိသူဖြည့်ဆည်းပေးခဲ့၏။ရှင်းဟိုင်တက္ကသိုလ်ရှိ "အိုမီဂါမက်ခါအသင်း"ကို အခြေခံ၍ အင်ပါယာထဲရှိအိုမီဂါအားလုံးအတွက် မက်ခါအသင်းတစ်ခုကို သူဖွဲ့စည်းပေးခဲ့ပြီး ရန်ပုံငွေ ဖောဖောသီသီထောက်ပံ့ခဲ့သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)On viuen les histories. Descobreix ara