118

5.3K 629 1
                                    

Chapter 118

အားလုံးက အဆိုပါနည်းပညာ၏အရေးပါမှုကို ယွမ်ရှင်းကျဲမသိလောက်ဟု ယူဆလိုက်ကြ၏။ သို့မဟုတ်ပါက သူတို့အောင်ပွဲခံနေစဥ် သူဒီလောက်တည်ငြိမ်နေမှာမဟုတ်ချေ။

ယွမ်ရှင်းကျဲ ဓာတ်ခွဲခန်းပြန်လာသည့်အခါ သန့်ရှင်းရေးလုပ်နေသည့်ယူဂျင်းကို တွေ့လိုက်ရ၏။

အရင်ရက်များတွင် ယွမ်ရှင်းကျဲ၏လက်ထောက်တစ်ယောက်အနေဖြင့် ယူဂျင်းတစ်ခုမှမကူညီနိုင်ခဲ့ချေ။

စမ်းသပ်မှုတစ်ခုလုပ်တိုင်း ယွမ်ရှင်းကျဲက ပစ္စည်းကိရိယာများသာယူခိုင်းလေ့ရှိသည်။ ထို့နောက် သူ့မှတ်ဉာဏ်တုပေါ်၌သာ ရေးဆွဲနေသည်ကများ၏။

ယွမ်ရှင်းကျဲက အခန်းထဲရောက်သည်နှင့် မက်ခါချိတ်ဆက်ခြင်းသုတေသနကို စတင်ပြင်ဆင်တော့သည်။

ယူဂျင်းက စပ်စုချင်စိတ်ကိုမထိန်းနိုင်ခဲ့။

“ရှင်းကျဲ...မင်းဒီရက်တွေတစ်လျှောက်လုံး ဘာကိုသုတေသနလုပ်နေတာလဲ...”

“စိတ်စွမ်းအားမြှင့်စက်နဲ့တူတဲ့တစ်ခုခုပေါ့...”

ယွမ်ရှင်းကျဲက ဖုန်းကွယ်မထားပဲဖြေလိုက်သည်။

“အဲ့ဒါက အာရုံကြောဆိုင်ရာဆက်သွယ်မှုအသစ်လေ...စိတ်စွမ်းအားတိုးမြှင့်တဲ့နေရာမှာ အကူအညီပေးလိမ့်မယ်...”

ယူဂျင်းမျက်လုံးပြူးသွားကာ... “မင်း...မင်းက ဆက်သွယ်ရေးပစ္စည်းအသစ်တစ်ခုကို သုတေသနလုပ်နေတာလား...”

သုတေသနဌာနအနေဖြင့် အင်အားနှင့်အရင်းအနှီးများစွာစိုက်ထုတ်ထားသော်လည်း စိတ်စွမ်းအားတိုးမြှင့်စက်ကို အောင်အောင်မြင်မြင်မထုတ်လုပ်နိုင်သေးချေ။

ယခုမူယွမ်ရှင်းကျဲက အဆိုပါစက်ကိုပင်ကျော်လွန်၍ ဆက်သွယ်ရေးကိရိယာ သက်သက်ပြုလုပ်ရန်ကြိုးစားနေလေသည်။

“ဒါက…”

ယူဂျင်းက မဖြစ်နိုင်ဘူးဟုထင်မိသော်လည်း ယွမ်ရှင်းကျဲကိုလေးစားသည့်အနေဖြင့် ထုတ်မပြောခဲ့။

ဘာပဲဖြစ်ဖြစ် သုတေသနကိုစိတ်ဝင်စားတာ ကောင်းတဲ့ကိစ္စပဲမဟုတ်လား...

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now