28

6.3K 779 4
                                    

Chapter 28

တစ်စင်တီမီတာခန့်သာ ဝေးနေပါကလည်း မက်ခါကို မထိသရွေ့ လက်နက်များက ကြေးနီနှင့် သံ အပိုင်းတစ်ခုထက်မပိုပေ။

သို့ဖြစ်၍ ကြယ်တံခွန်မက်ခါကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းက ပြိုင်ဘက်ကို မိမိနှင့် လာမထိစေရန်ဖြစ်သည်။

ထိသွာခဲ့ပါကလည်း လျင်မြန်စွာ လှုပ်ရှားနိုင်ပါက အန္တရာယ်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

၎င်းက အနီးကပ်တိုက်ခိုက်မှုများအတွက်သာ ဖန်တီးထားသော မုန်တိုင်းနှင့် အလင်းမက်ခါများအတွက် ခက်ခဲလှသည်။ ယခင်တစ်ကြိမ် ကာလက်နှင့်တိုက်ခိုက်ခဲ့သော မုန်တိုင်းမက်ခါသည်လည်း ‌မောင်းနှင်သူအခန်းသာ ကျန်ခဲ့သည်။

သို့ရာတွင် ယွမ်ရှင်းကျဲ၏ အလင်းမက်ခါက တာဝေးပစ်မီးအမြောက်အချို့ တပ်ဆင်ထားသည်။ သို့သော်လည်း အဆုံးတွင် ၎င်းက အနီးကပ်တိုက်ခိုက်မှုများတွင်သာ အဓိက အသုံးပြုနိုင်သည်။

သူ ဘာလုပ်လို့ရမလဲ ...

အဝေးပစ်သေနတ်တွေ တပ်လိုက်ရမလား ...

ဒါကလည်း အလုပ်ဖြစ်မယ့်ပုံမပေါ်ဘူး ... တာဝေးပစ်မက်ခါတွေက သန်မာတဲ့ လက်နက်တွေလိုတယ် ... အခု သူ့မှာက ကြယ်ဒင်္ဂါးတစ်သောင်းလောက်ပဲ ကျန်တော့တာ ...

ယွမ်ရှင်းကျဲ ခဏတာ ကျဉ်းထဲကျပ်ထဲ ရောက်သွားသည်။

လေ့ကျင့်ရေးကွင်းမှ ပြန်လာပြီးသည့်နောက်တွင်လည်း ဤပြဿနာကို မည်သို့ဖြေရှင်းရမည်ကိုသာ တွေးနေမိသည်။

အဓိက လေ့ကျင့်ရေးကွင်းများနှင့် ပြိုင်ပွဲခန်းမ တစ်ဝိုက်တွင် ‌ဧရာမချယ်ရီပန်းပင်ကြီးတစ်ပင် စိုက်ပျိုးထားသည်။ ပန်းနုရောင် ပန်းပင်လယ်ကြီးက ယွမ်ရှင်းကျဲ၏ အာရုံစိုက်မှုကို ရရှိထားသည်။

ရှေးကျသော ကမ္ဘာကြီးမှ အသက်ရှင်ကျန်ရစ်ခဲ့သော ဤအပင်မျိုးက ကြယ်ဒင်္ဂါးတစ်သိန်းခန့် တန်ဖိုးရှိလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သော အပင်မျိုးကို ရှင်းဟိုင်စစ်တက္ကသိုလ်  နေရာတိုင်းတွင် တွေ့ရနိုင်သည်။

ထိုစဉ် ‌အဝေးမှ မြှောင်ဟူသော အသံကို အကြိမ်ပေါင်းများစွာ ကြားလိုက်ရသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now