143

5.7K 629 5
                                    

Chapter 143

စေ့စပ်ပွဲအခမ်းအနားမတိုင်မီက ယွမ်ရှင်းကျဲက ဂလင်းကိုဖြတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သော်လည်း လော့ဝမ်ချွမ်းအကြောင်းကို မတွေးပဲ မနေနိုင်ခဲ့ပေ။

သူ့ဂလင်းတွေကိုသာ ဖြတ်ပစ်လိုက်မယ်ဆိုရင် လော့ဝမ်ချွမ်းက ဝမ်းနည်းသွားမလားဆိုတဲ့မေးခွန်းကို အကြိမ်ပေါင်းများစွာ မေးနေခဲ့မိတယ်...

အဖြေက "ဝမ်းနည်းသွားမယ်" ဆိုတာကို သူသိနေခဲ့တယ်...

သို့သော်လည်း ဓားကိုင်ကာ သူ၏ ကိုယ်ပိုင်ကံတရားအတွက် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

ယခုအခါတွင် ယွမ်ရှင်းကျဲက ဂလင်းကို ဆုံးရှုံး၍ ဘီတာဖြစ်သွားပြီဖြစ်ကာ ခန္ဓာကိုယ်တွင်လည်း ဖယ်ရိုမုန်းတစ်ခုမှ မရှိတော့သည့်အပြင် လော့ဝမ်ချွမ်းကလည်း တော်ဝင်မိသားစု၏ ဆက်ခံသူဖြစ်လာသည်။

ထိုအကြောင်းကို တွေးမိသည့်အခါ ယွမ်ရှင်းကျဲ၏ မျက်ဝန်းထဲတွင် အမှောင်ထုအနည်းငယ် ကြီးစိုးသွားသည်။

သူ ဘီတာတစ်ယောက် ဖြစ်လာသည့်အတွက်နှင့် လော့ဝမ်ချွမ်းက သူ့ကို စိမ်းကားသွားမည်မဟုတ်ကြောင်း ယွမ်ရှင်းကျဲသိသည်။

သို့ရာတွင် လော့ဝမ်ချွမ်းက သူ့ကိုယ်သူ ထိန်းချုပ်ထားကြောင်း တွေးမိသွားသည့်အခါ မျက်ဝန်းထဲတွင် စိုးရိမ်မှုများ ဖြတ်ပြေး သွားကာ ရင်ထဲတွင် တစ်ဆို့နေသည့် ခံစားချက်မျိုးဖြစ်လာသည်။

ယွမ်ရှင်းကျဲ ပန်းခြံသို့ ရောက်လာချိန်တွင် လော့ဝမ်ချွမ်းက ရောက်နှင့်နေပြီဖြစ်သည်။

လော့ဝမ်ချွမ်း၏လေယာဉ်က ပန်းခြံရှေ့တွင် ရပ်ထားသည်။ သူက ပေါ့ပေါ့ပါးပါး အနက်ရောင်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်။ သူ၏ စိတ်နေစိတ်ထား တစ်ခုလုံးမှာလည်း ပို၍ ထင်ရှားလာသည်။

လေယာဉ်ကိုမှီထားကာ သူ့လက်ချောင်းများက တံခါးကို ခေါက်နေပြီး စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေပုံရသည်။

ခဏအကြာတွင် ယွမ်ရှင်းကျဲရောက်ရှိလာသည်ကို လော့ဝမ်ချွမ်း သတိပြုမိသွား၍ သူ့ကိုလှမ်းကြည့်လိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Wo Geschichten leben. Entdecke jetzt