71

5.9K 792 14
                                    

Chapter 71

"​မိုက်ချက်ပဲ ယွမ်ရှင်းကျဲကဆယ်ပွဲဆက်နိုင်သွားပြီကွ"

"ယွမ်ရှင်းကျဲကအ​တော်ဆုံးပဲ၊ ​ရှေ့​လျှောက်ဒီထက်ပို​ကောင်း​ကောင်းလုပ်နိုင်ဖို့အား​ပေး​နေမယ်​နော်"

"ပထမနှစ်မှာယွမ်ရှင်းကျဲကအ​တော်ဆုံးပဲဟ၊သူကအိုမီဂါလည်းဖြစ်လိုက်​သေး၊ အံ့သြစရာပဲ"

"ယွမ်ရှင်းကျဲနိုင်ငံအဆင့်ပြိုင်ပွဲမှာလည်းဆက်ကြိုးစားပါ"

"ယွမ်ရှင်းကျဲက မက်ခါဌာနရဲ့ ဂုဏ်​ဆောင်ပဲကွ"

"မင်းရဲ့နတ်ဘုရား​ကြောင်ကို​ခေါ်ပြီး နိုင်ငံပြိုင်ပွဲအထိတက်သွားလိုက်ကွာ"

အသံအများစုမှာ မက်ခါဌာနမှ အတန်းEမှသူများနည်းတူ အိုမီဂါများဖြစ်သည်။ သူ၏ယခင်ပြိုင်ပွဲများမှ သူ၏ပုရိတ်သတ်များဖြစ်လာသူများလည်းရှိ​လေသည်။ ယခင်က ယွမ်ရှင်းကျဲကိုသိပ်မကြည်​သော မက်ခါဌာနမှအယ်လ်ဖာများသည်ပင်လျှင် ယွမ်ရှင်းကျဲအတွက် ​သောင်း​သောင်းဖျဖျအား​ပေး​နေကြ​တော့သည်။

ပါတ်ပါတ်လည်မှချီးကျူးသံအများအပြားက ယွမ်ရှင်းကျဲ၏နားထဲ၀င်လာခဲ့သည်။ ပန်းများနှင့် မီးရှူးမီးပန်းများမှာလည်းအကာအကွယ်အလွှာ​ပေါ်၌မိုးရွာသကဲ့သို့ပင် ။ ၄င်းမှာ ရှင်းဟိုင်တက္ကသိုလ်ဌာန​ပေါင်းစုံမှ ​ကျောင်းသားများက သူ၏ကြိုးကြိုးစားစားယှဥ်ပြိုင်မှုရလဒ်အတွက် အား​ပေးကြခြင်းပင်။

၄င်းမှာ ယခု​လေးတင် ခယ့်လိုင်ကိုဆက်ဆံပုံထက်ပင် ပို၍ခမ်းနား​လေသည်။

"၀ါး ငါယွမ်ရွှယ်တိကိုတကယ်ပဲမနာလိုဖြစ်မိတယ်"

ခယ့်လိုင်မှာ ​ဘေးပါတ်၀န်းကျင်မှသြဘာ​ပေးသံများကိုနား​ထောင်ရင်း ဆိုလိုက်သည်။

"သူနိုင်တာကို ငါနိုင်တာထက်​တောင် ပိုအား​ပေး​နေကြ​သေးတယ်"

"ဒါ​ပေါ့" အက်ရှ​လေမှာကွင်းလယ်မှလူငယ်​လေးအား စိုက်ကြည့်ကာ ပြုံးလျက်ဆိုလိုက်သည်။

"ဒီပန်း​တွေနဲ့ လက်ခုပ်သံ​တွေကယွမ်ရှင်းကျဲရဲ့ ကြိုစားမှုကိုအသိအမှတ်ပြုတာပဲ၊ သူကစံချိန်ကိုချိုးခဲ့တဲ့ အိုမီဂါ​လေးပဲ​လေ၊ အရင်ကတည်းက ရှင်းဟိုင်မက်ခါပြိုင်ပွဲနဲ့ တခြားပြိုင်ပွဲ​တွေက အယ်လ်ဖာ​တွေချည်းကြီးစိုးလာတာ၊ မနှစ်ကဆို စုကျီနန်အရံလူ​လေးဖြစ်ရုံနဲ့​တောင် မိုးပွင့်မတတ်အားပေးကြ​သေးတာ၊ ယွမ်ရှင်းကျဲက ဆယ်ပွဲဆက်ရှုံးပွဲမရှိစံချိန်ချိုးရုံတင်မကဘူး၊ ​ကျောင်းအသင်းရဲ့တရား၀င်ကစားသမား​တောင်ဖြစ်လာ​သေးတယ်၊"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now