94

5.4K 639 19
                                    

Chapter 94

ရှင်းဟိုင်တက္ကသိုလ်၏ပြင်းထန်သော အခြေအနေနှင့်ယှဉ်လျှင် ဂျက်ကော့ တက္ကသလိုလ်၏အခြေအနေမှာ ပို၍ အေးအေးဆေးဆေးဖြစ်နေသည်။

သူတို့နည်းပြမှာ စကားတစ်ခွန်းသာပြောသွားသည် :

“ချန်ကျွင်းက လော့ဝမ်ချွမ်းကို သတိထား။ တစ်ခြားသူတွေကတော့ ပုံမှန်ကစားသလိုပဲ ကစားကြ။ ”

ဂျက်ကော့အသင်းမှ လူများမှာ စိတ်လှုပ်ရှားပုံပင်မပေါ်ကြ။ အချို့မှာ ညဘက်ကပွဲသို့ပင် ထွက်သွားကြ၏။မည်သူမှ ရှင်းဟိုင်တက္ကသိုလ်ကို မျက်လုံးထဲပင်မြင်ကြပုံမရပါ။

NCLM မှာ အစဉ်အလာအရ အင်ပါယာတစ်ခုလုံးစိတ်ဝင်စားကြသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး လက်မှတ်တန်ဖိုးများမှာ လေထဲတွင်မြောက်နေ၏။

နောက်တစ်နေ့မနက်တွင် ကစားပွဲနေရာသို့ ကြည့်ရှူသူအများအပြား လာရောက်ကြသည်။

ကစားကွင်းမှာ အလင်းရောင်ပေါ်မူတည်၍ မိုးလေဝသအခြေအနေများကို တုပနိုင်သော အနုပညာဆန်ဆန် ပန်းကန်လုံးပုံစံဖြစ်၏။

ယနေ့ နေသာနေသည်။ ပွဲရုံ၏အပြင်ဘက်နံရံမှာ နေရောင်ကိုရောင်ပြန်ဟပ်ကာ ကြည်လင်‌နေ၏။ အဝေးမှကြည့်လျှင် သစ်ရွက်ပေါ်မှ တောက်ပနေသောရေစက်‌တစ်စက်ပမာ ဖြစ်နေသည်။

သို့သော် ယွမ်ရှင်းကျဲ၏ ပြိုင်ပွဲမှာ ထိုနေရာတွင် ပြုလုပ်မှာမဟုတ်ပေ။

အုပ်စုလိုက်ပြိုင်ပွဲကျင်းပရမည့်နေရမှာမှာ အလွန်ကျယ်၏။ လမ်းကြောင်း အစအဆုံးမှာ တစ်ဆယ်ကီလိုမီတာခန့်ရှိပြီး ကွင်းလယ်မှ PK နယ်မြေမှာလည်း အလွန်ကျယ်၏။ ထိုနေရာမျိုးကို ပင်မနယ်မြေနှင့် အနည်းငယ်ဝေးသော မြို့ပြင်လိုနေရာမျိုးတွင် တည်ဆောက်ထားသည်။

သို့သော် အုပ်စုလိုက်ပြိုင်ပွဲမျာပင်မ ပင်မပွဲရုံထဲရှိ ၃၆၀ ဒီဂရီ ပတ်ပတ်လည် ဖန်သားပြင်‌ပေါ်မှတစ်ဆင့် ကြည့်ရှူနိုင်သည်။ ထိုနည်းဖြင့် ပင်မပွဲရုံမှကြည့်ရှုသူများလည်း ပြိုင်ပွဲအစအဆုံးကို ကြည့်ရှူနိုင်သည်။

NCLM ကစားပွဲများ၏အစီအစဉ်မှာ ပုံမှန်အားဖြင့် တစ်ကိုယ်တော်ပွဲနှင့် အုပ်စုပွဲတစ်လှည့်စီဖြစ်၏။ တစ်ကိုယ်တော်ပွဲ အနိုင်ရရှိမှုအတွက် တစ်မှတ်ရရှိကာ အုပ်စုလိုက်ပြိုင်ပွဲများအတွက် နှစ်မှတ်ရရှိမည်ဖြစ်သည်။ ပွဲစဉ်ငါးခုလုံးအပြီးတွင် အမှတ်အများဆုံးကျောင်းမှ အနိုင်ရရှိမည်ဖြစ်၏။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now