အပိုင်း(၁)

2.1K 71 24
                                    

‌ပြေးလွှားနေရင်းထွက်ပေါ်လာသောအသက်ရှုသံများ အနောက်ကနေထပ်ကြပ်မကွာလိုက်လာသော‌ခြေသံများက မှောင်မိုက်နေသောတောအုပ်ကိုဖြိုခွင်းလိုက်သည်

ဒုတ်!
အ!
နာကျင်မှုနဲ့အတူလဲကျသွားသောကိုယ်ငယ်လေး မျက်၀န်းထဲကမျက်ရည်စက်များနဲ့အတူတုန်ရီနေသောခန္ဓာကိုယ်လေးကသေသွားရငိ‌ေတာင်အလျှော့ပေးမည့်ပုံမပေါ်  

ဒီမှာတင်ရပ်လိုက်တာကောင်းမယ်နော်

ကျုပ်လုံး၀လက်မလျှော့နိုင်ဘူး

မျက်ရည်စတွေနဲ့အတူခက်ထန်နေသောမျက်၀န်းများနဲ့ကြည့်လာခဲ့သည်

ဒိုင်း!

မောင်!!!!!!!!!!!!!
ဟင့်အင်းမောင်သေလို့မရဘူးနော် ငါမောင့်ကိုမုန်းရဦးမှာ

မောင်တောင်းပန် အ! ပပါတယ် နော် အ!ကလေးငယ်
ငြိမ်သက်စွာကျသွားသောလက်တစ်စုံ

မဟုတ်ဘူး မဟုတ်ဘူး!!!!!
မဟုတ်ဘူးလို့!!!!!!!

အော်သံတွေကအခန်တစ်ခုလုံးပြည့်နှက်သွားတော့သည် ကုတင်ပေါ်ကကောင်လေးကမျက်ရည်စက်တွေနဲ့အတူ ချွေးစက်တွေကတစ်ကိုယ်လုံစိုလျက် ခုံပေါ်ကရေကရားထဲကရေကိုခွက်ထဲထည့်ကာ တစ်ကျိုက်တည်းမော့ချလိုက်တော့သည်

ဟူးးး

သက်ပြင်းချကာနာရီကိုတစ်ချက်ကြည့်လိုက် ‌တော့မနက်၆နာရီရှိပြီ

ဒီနေ့တနဂ်နွေနေ့ပဲ

ကုတင်ပေါ်ကဆင်းကာ ဆိုင်သွားရန်သာပြင်ဆင်လိုက်တော့သည် ကောင်လေးဟာခုဏကမက်ခဲ့သောအိပ်မက်ကိုမေ့ပျောက်သွားတာလား မတွေးချင်တော့တာလားမသိ သေချာတာကတော့ သူ့အတွက်ရိုးနေသလိုပင် ဟုတ်တယ်လေ သူအရွယ်‌ေရာက်ကတည်းကမက်ခဲ့တဲ့အိပ်မက်အစပိုင်းတုန်းကထိန့်လန့်စရာကောင်းပေမယ့် မကြာခဏမက်နေတော့ သူအရင်ကလောက်မကြောက်တော့ပေ အိပ်မက်မက်ပြီးတိုင်းလစ်ဟာသလိုခံစားရတဲ့ခံစားချက်ကတော့အဆိုးရွားဆုံးပင်။

ရှိုင်းတစ်ယောက် ဆိုင်ကိုလမ်လျှောက်သာလာခဲ့တော့သည် အိမ်နဲ့ဆိုင်နဲ့ကလမ်းလျှောက်ချိန်က၁၅မိနစ်လောက်ပင်ကြာသည် ။ ဆိုင်ထဲ၀င်လိုက်တာနဲ့ကောင်တာမှာအလုပ်ရှုပ်နေသော ကိုကောင်းမြတ်

မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)Where stories live. Discover now