အပိုင်း(၁၇)

809 33 6
                                    

ဂျိမ်း⚡!

ကောင်းကင်တစ်ခွင်လုံးလျှပ်စီးတွေကတဝင်းတဝင်းတလျှပ်လျှပ်ပင်။  ညည့်ဦးယံဖြစ်သောကြောင့် ကောင်းကင်တစ်ခွင်လုံး မဲမဲမှောင်မှောင် မိုးရိပ်မိုးသားတို့ကား မှောင်မဲသောကောင်းကင်ကို ပို၍အားဖြည့်ပေးနေသယောင်ပင် ။ ရန်ကုန်မြို့တစ်ခုလုံး နေရာလပ်မကျန် မိုးရေစက်တို့ငို‌ကြွေးထားမှုကြောင့် ရွှဲရွှဲစိုလျက် ။ မိုးဖွဲဖွဲလေးက ဆက်လက်ကျဆင်းနေဆဲမို့ အအေးဓာတ်တွေကလွှမ်းခြုံနေဆဲပင် ။

" ဟင်း... ဟင်း ... မောင် ~..."

တိုးတိတ်စွာညှည်းသံနဲ့အတူ ကောင်ငယ်လေးရဲ့နူတ်ခမ်းပါးကနေ မောင် ဆိုသည့် နာမ်စားလေး တိုးတိတ်စွာထွက်ပေါ်လာသည်။

"အ.. ဟင်း .. မ.. မဟုတ်ဘူး.... မောင် .. မောင် !!!.."

"အကို အကိုသတိရလာပြီလား "

ဘေးနားက ညှင်သာစွာထွက်ပေါ်လာသောကောင်မလေးတစ်ယောက်အသံကြောင့် ရှိုင်းမျက်လုံးတို့ပွင့်ကာ ဘေးဘီဝဲယာကိုတစ်ချက်ကြည့်လိုက်မိသည် ။

"ဒီနေရာကဘယ်နေရာလဲဟင် "

"အကို ကားပေါ်မှာသတိလစ်နေတာတွေ့လို့ ညီမတို့ ဆေးခန်းခေါ်လာတာပါ "

"ဟုတ်ပါတယ်ဗျ အကိုကားကိုတော့ ကျွန်တော် ကားပြင်ဆရာဆီပို့ထားခဲ့တယ် ကားပြင်ပြီးရင်ဖုန်းဆက်ပေးမယ်လို့ပြောတယ် "

မိမိအရှေ့မှာအကြောင်းစုံရှင်းပြနေတဲ့ စုံတွဲတွေရဲ့ ဖြေရှင်းသံကို ရှိုင်းတစ်ယောက် ကြားတစ်ချက် မကြားတစ်ချက်ပင် ။ သူသိချင်တာ က ....

"မောင် .. မောင် ဘယ်မှာလဲဟင် .. "

ရှိုင်း၏အမေးကြောင့်ကောင်လေးနဲ့ကောင်မလေးမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ..

"အကို ဘယ်သူ့ကိုပြောချင်တာလဲဗျ ကျွန်တော်တို့ကားပေါ်မှာ အကိုတစ်ယောက်ထဲပဲတွေ့တာပါ အခြားလူမရှိပါဘူး "

"ဖုန်း ဖုန်းရောဟင် .."

"ဒီမှာပါ အကို "

ဖုန်းကိုဆွဲယူကာ အသဲအသန်ဖွင့်လိုက်သော်လဲ battery down နေသောဖုန်းကြောင့် ရှိုင်းစိတ်ရှုပ်သွားရသည် ။ ဟုတ်တာပဲ သူသတိမလစ်ခင် ဖုန်းအားကုန်နေတာကိုမေ့နေခဲ့သည်ပင် ..။

မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)Where stories live. Discover now