အပိုင်း(11)

515 35 2
                                    

တစ်လမ်းလုံးကားပေါ်‌တွင်တိတ်ဆိတ်နေတဲ့သူကြောင့် ရှိုင်း စိတ်ပူလာရသည် အိပ်ပြန်ချင်ပြီပြော၍ညနေစာမစားပဲ မေမေတို့ကို
နူတ်ဆက်ကာ ချက်ချင်းထွက်လာခဲ့သည် တစ်နေကုန်အကောင်း ရှိုင်း  ဖေဖေနဲ့ အပြင်ခဏထွက်သွားပြီး ပြန်လာတဲ့အချိန်မှာတော့ မေမေရော သူရောမျက်နှာမကောင်းတာကို
ရှိုင်းသတိထားမိသည် ခဏတာအချိ itန်အတွင်းဘာတွေဖြစ်သွားလဲဆိုတာနားမလည်

"ပြန်ရအောင်အကို "ဆိုပြီး မျက်နှာလေးညိုးငယ်စွာပြောသည့်အောက်တွင် ရှိုင်းဘာမှတစ်ချက်မမေးပဲ လက်ခံခဲ့သည်
ကားလေးဟာ တိုက်ခန်းတစ်ခုရှေ့တွင် ထိုးရပ်လိုက်သည်နှင့်တစ်ပြိုက်နက် vitamin ကားပေါ်ကနေ ဆင်းကာ တိုက်ခန်းထဲသို့ဝင်သွားတော့သည်

ကျေးဇူးပါ ဦးလေး ဖြည်းဖြည်းမောင်းပြန်ပါဗျ

ရှိုင်း ဒါရိုက်ဘာဦးလေးကြီးကိုနူတ်ဆက်ကာ တိုက်ခန်းထဲ ဝင်သွားတဲ့သူနောက်အမြန်လိုက်ရသည်။ တံခါးဖွင့်လိုက်တာနဲ့ ရှိုင်းရောက်သွားသည်က ရင်ခွင်နွေးနွေးလေးဆီသို့

မင်းဘာဖြစ်နေတာလဲ

မေးတာမဖြေပဲ ပိုပြီးတင်းကြပ်စွာဖက်လာတဲ့သူကြောင့် ရှိုင်းအလိုက်သင့်လေးပြန်ဖက်ကာ ငြိမ်နေလိုက်တော့သည်

မေမေနဲ့ စကားများထားတာလား

ပုခုံးပေါ်မှေးတင်ထားသောခေါင်းလေးက အလိုက်အသင့်ခါပြသည်

ဒါဆို ဘာဖြစ်တာလဲ ငါ့ကို စိတ်ပူအောင်မလုပ်ပါနဲ့  ငါအဲ့တိုင်းကြီးမကြိုက်ဘူးနော်

ဝမ်းနည်းရိပ်သန်းစွာ ပြောလာသောရှိုင်းစကားကြောင့် vitamin  အလျင်အမြန်ရင်ခွင်ထဲက ကိုယ်ငယ်လေးကို ကြည့်လိုက်တော့သည်

ကျွန်တော်ဘာမှမဖြစ်ပါဘူး ‌ဒီအတိုင်းခေါင်းနည်းနည်းလေးကိုက်နေလို့

သေချာလို့လား

အွန်း သေချာတယ်

ဒါဆို နားလိုက်တော့လေ တစ်ခုခုစားမလား ဆေးသောက်ရအောင်လို့ ဘာစားချင်လဲ

ရပါတယ် အဆင်ပြေတာသာလုပ်လိုက်ပါအကို

အွန်း ဒါဆိုအခန်းထဲကစောင့်နေနော်

မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)Where stories live. Discover now