အပိုင်း(၄)

731 42 3
                                    

၁၉၉၀ ဒီဇင်ဘာ၁၂

‌ညနေနေဝင်ချိန်အောက်မှာ တောင်တန်းကြီးအလှကမြင်သူအဖို့ရင်သပ်ရှု့မောစရာပင်
တောင်တန်းစိမ်းစိမ်းပေါ်က ချယ်ရီပင်ကြီးကလဲနေဝင်ချိန်အောက်မှာ ဆည်းဆာရောင်ကြောင့်ပိုပြီးလှသွေးကြွယ်နေသလို ဆောင်းလေညှင်းလေးကလဲ ချယ်ရီပွင့်ဖတ်လေးတွေကို တစ်ချက်တစ်ချက်ကျီစယ်သွားသေးသည် မြက်ခင်းစိမ်းစိမ်းလေးပေါ်က အပြာနုကောင်စွယ်တာလေးနဲ့ကောင်လေးတစ်ယောက်ဟာ ‌ပုစွန်ဆီရောင်တိမ်တိုက်တွေရဲ့အောက်မှာ တည်ငြိမ်အေးချမ်းသောမျက်နှာအသွင်အပြင်ဖြင့် မျက်ဝန်းလှလှလေးတွေက ဘေးပတ်ပတ်လည်ကရှုခင်းတွေကိုသဘောကျကြောင်းကိုအပြည့်အဝဖော်ပြနေသည် သိပ်လှတဲ့အရာတွေကပိုင်ဆိုင်ဖို့သိပ်ခက်တယ်မလား ဒီလိုပါပဲ ချယ်ရီပင်ကြီးနဲ့ သိပ်လှတဲ့ရှုခင်းတွေကိုကြည့်ရဖို့ ကောင်လေးဟာ အန္တရာယ်တွေကိုတောင်မမှု့နိုင်တဲ့အထိခေါင်းမာလှသည် ချယ်ရီပင်ကြီးကိုရောက်ဖို့ဆိုရင် စိမ်းစိုအုပ်မှိုင်းနေတဲ့တောအုပ်ကြီးကိုကျော်ဖြတ်ရသည် မြက်ခင်းစိမ်းပေါ်က ကောင်လေးဟာ ခေါင်းမာတာလား မယုံကြည်တာလား မကြောက်တတ်တာလား ။
လေညှင်းနုနုလေးက ကောင်ငယ်လေးရဲ့မျက်နှာကိုကျီစယ်လိုက်တိုင်းနူတ်ခမ်းလေးတွေအပေါ်ကွေးညွှတ်သွားတဲ့အထိပြုံးသည် ဒီလိုသိပ်လှတဲ့နေရာမှာ အန္တရာယ်ဆိုတာမရှိနိုင်ဘူးဆိုတာကို ကောင်ငယ်လေးဟာ တစ်ထစ်ချယုံကြည်နေသည့်ပုံ

ဒိုင်း!

ရုတ်တရက်သေနတ်သံကြောင့် ခန္ဓာကိုယ်လေးဟာတုန်လှုပ်သွားသည် အေးချမ်းနေသောမျက်နှာလေးဟာ ထိပ်လန့်သွားသည်ပုံ မျက်ဝန်းလှလှလေးတွေကလဲ ဘေးဘီဝဲယာကိုကြည့်ရင်းမြန်မြန်ဆန်ဆန်လှုပ်ရှားသွားသည်

ဒိုင်း! ဒိုင်း!

ဆက်တိုက်ထွက်ပေါ်လာသောအသံ‌များကြောင့်နေရာမှထကာ ‌‌ထွက်ပြေးရန်သာပြင်ဆင်လိုက်တော့သည်

အမေ့!

နောက်ကနေအမှတ်မထင်လက်ကိုဆွဲ‌လိုက်သောကြောင့် ဟန်ချက်ပျက်ပြီး လဲကျသွားသည်

အ!

နာကျင်စွာအော်သံလေးကြောင့်မျက်လုံးလေးလှန်ကာကြည့်မိတော့ သူ‌လဲကျသွားတာလူတစ်ယောက်ရဲ့ရင်ခွင်နွေးနွေးထဲ အောက်ကမြက်ခင်းကြောင့်မို့လို့သာထိုလူသိပ်မထိခိုက်

မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)Where stories live. Discover now