အပိုင်း(၁၆)

551 37 5
                                    

(ဇာတ်လမ်းပါအကြောင်းအရာတို့သည် စိတ်ကူးယဉ်သက်သက်သာ မည်သူ့ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ )

ဂျိမ်း! ဝေါ! ဝေါ !

ကောင်ကင်တစ်ခွင်လုံး အုံ့မှိုင်းကာမိုးသက်လေပြင်းတွေကျလာတော့သည် ။ ပြင်းထန်သောမိုးတွေနဲ့အတူ နှစ်လုံးသားတစ်စုံဟာပူလောင်လျက်

ဒုန်း !

ပြင်းထန်သော တံခါးဖွင့်သံရဲ့နောက်မှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့သူဟာ မျက်နှာမှာ ဒေါသမီးများတောက်လောင်နေသည်မှာ သိသာလှသည် ။

"ရှိုင်းထက်!!!!!"

ကျယ်လောင်သောအော်သံကြောင့်ရှိုင်းတစ်ယောက်လန့်နိုးလာရသည် ။ အရှေ့က မိမိကို မျက်လုံးစူးစူးတွေနဲ့ကြည့်နေသော သူရိန်ကိုကြည့်ကာ ရှိုင်းတစ်ယောက် လန့်ဖြန်လာရသည် ။ ယခုလိုဒေါသထွက်နေသည့်ပုံစံမျိုးသူတစ်ခါမှမမြင်ဖူးသည်မဟုတ်လား ။ မိမိပတ်ဝန်းကျင်ကို အကဲခတ်မိသောအခါ စိမ်းသက်သောနေရာပင် အိပ်ယာဘေးတွေ စောင်ကို့မမြင်အပ်သင့်သောအရာအထိဖုံးထားသော မိန်းမငယ်လေးက အရှေ့က လူကိုတစ်လှည့် ရှိုင်းကိုတစ်လှည့်ကြည့်နေတော့သည် ။ 

"ဘုရားရေ ဘယ်လိုတွေဖြစ်ကုန်တာပါလိမ့်"

တိုးတိတ်စွာဆိုရင်း အ‌ခြေအနေတွေကိုယခုထိသူနားမလည်နိုင်သေးပေ မိမိခန္ဓာကိုယ်ပေါ်တွင်လဲအဝတ်‌တို့ကပ်မနေတော့ပေ ။  သူနောက်ဆုံးမှတ်မိနေတာက ဦးနေရောင်နဲ့ စကားပြောနေချင်းပင် ။ တစ်ဆစ်ဆစ်ထိုးကိုက်လာသော ခေါင်းကိုဖိကာ နားမလည်နိုင်သောအကြောင်းအရာတို့ကို အတင်းပုံဖော်နေမိတော့သည် ။ ဟုတ်ပါသည် ဦးနေရောင်ပဲ ပပြီးတော့ ဘေးက ကောင်မလေးကိုလဲ ဦးနေရောင်ခေါ်လာသောသူပင် ဒါဆို သူထင်တာ မမှားတော့ပြီ ဦးနေရောင်ရဲ့ အသူရာလှည့်ကွက်ထဲမှာ ဆရာလေးရှိုင်းထက်တစ်ယောက် လှပစွာကြီး ကျဆင်းခဲ့ပါတော့သည်။

"မောင် ~"

မိမိကို မျက်ထောင့်နီ‌ကြီးနဲ့စိုက်ကြည့်နေသောသူကြောင့် ရှိုင်းတစ်ယောက် မျက်လုံးလှလှလေးတွေက နဂိုထက် စိုးရိမ်စိတ်တို့လွမ်းမိုးလာတော့သည် ။

မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)Where stories live. Discover now