အပိုင်း၃

709 43 6
                                    

(Note-သာသာ အတွေးတွေကိုရေးတဲ့အခါကြရင်လေ("")ဒီလိုအဖွင့်အပိတ်လေးတွေနဲ့ရေးပေးသွားပါမယ်နော် အစက စကားပြောသံတွေမှာထည်ရေးဖို့ရည်ရွယ်ထားပေမယ့် မတော်တဆရေးနေတဲ့အချိန်ကျန်ခဲ့ရင်ရှုပ်သွားမှာဆိုးလို့ အတွေးတွေကိုပြောတဲ့အခါကြရင်""ဒီလိုလေးထည့်ရေးဖို့ဆုံးဖြတ်လိုက်တာပါနော် )

ဤဇာတ်လမ်းထဲမှာပါသောနေရာသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။

မေမြို့နှင်ရှမ်းပြည်နယ်အကြားတွင်ရှိသောဒေသလေးတစ်ခု ဒါမှမဟုတ် မြို့ဟုပင်ခေါ်လို့ရလောက်သည့်အထိ ထိုနေရာလေးကအလွန်စည်ကားလှသည် တောင်တွေပတ်ပတ်လည်ကာရံထားသည့်အပြင်ထိုမြို့လေးမှာလူတွေကိုအဓိကဆွဲဆောင်ထားသည်က ချယ်ရီပန်း‌ပင်တွေပင် လမ်းတိုင်းလိုလိုချယ်ရီပင်တွေနဲ့ပင်ပြည့်နှက်နေသည် ဒီမြို့လေးကိုလူတိုင်းကချယ်ရီမြို့တော်လို့နာမည်‌ပေးထားသည် အထူးဆန်းဆုံးကတော့ ချယ်ရီပန်းပင်တွေဘယ်လောက်ပေါပေါ  တောင်တန်းတစ်ခုမှာရှိတဲ့ နှစ်အကြာဆုံးနဲ့အလှပဆုံးချယ်ရီပင်က တစ်ပင်တည်းသာရှိသည် ထိုချယ်ရီပင်ကပွင့်တဲ့ပထမဆုံး ပန်းကို ချစ်တဲ့သူကိုလက်ဆောင်ပေးတဲ့အခါ နောက်ထပ်၇ဘဝအထိ ဒီလူနဲ့ပဲလက်တွဲရတယ်တဲ့ မဖြစ်နိုင်လိုက်တာ အွန်း ဟုတ်တယ် လုံဝမဖြစ်နိုင်တဲ့အရာပဲလေ ဒါပေမယ့် ကောင်လေးတစ်ယောက်ကတော့အကြွင်းမဲ့ယုံကြည့်ခဲ့တာ ဒီချယ်ရီပန်းပင်ကြီးမှာပွင့်တဲ့ ပထမဆုံးအပွင့်တွေကို သူ့ချစ်သူ့ကိုတစ်ပွေ့တစ်ပိုက်ကြီးခူးပေးခဲ့တာ သူကပြောသေးတယ်
ကျွန်တော်က  အကို့ကို ၇ ဘဝပဲလက်တွဲချင်တာမဟုတ်ဘူး ဒီကမ္ဘာကြီးပြီးဆုံးသွားတဲ့အထိပဲ
တစ်ဖက်ကကောင်ငယ်လေးကနွေးထွေးစွာပြုံးတယ် ပြီးတော့ချယ်ရီပန်းတွေကိုတစ်ယုတယနမ်းရှိုက်လိုက်တယ် သူ‌ပြောလိုက်တာက
ငါရောပဲ မောင်
အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဟာဒီချယ်မြေပေါ်မှာစတင်ခဲ့တယ် နောက်ဆုံး ဒီချယ်ရီမြေပေါ်မှာအဆုံးသတ်ခဲ့ရတယ်
ချယ်ရီပန်းတွေကိုတစ်ယုတစ်ယနမ်းရှိုက်ခဲ့တဲ့ကြင်နာသူလေးဟာ ချယ်ရီပန်းတွေကိုသိပ်မုန်းကြောင်း ပြောထွက်ခဲ့တယ်။ သူဝမ်းနည်းစွာပြောလိုက်တဲ့စကားတစ်ခွန်းက
ငါမင်းကိုမုန်းချင်လိုက်တာ မောင်ရယ် တဲ့။

မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)Where stories live. Discover now