အပိုင်း(၉)

473 32 2
                                    

လေညှင်းတစ်ချက်အဝှေ့မှာကြွေကျသွားသောသစ်ရွက်လေးတွေဟာ ကြည့်ရှုနေသူရဲ့မြင်ကွင်းကိုပိုလှသွားအောင်ပုံဖော်တတ်သည်Blue Sky ကော်ဖီဆိုင်လေးထဲမှာရှိတဲ့ မြင်ကွင်းတစ်ခုဟာလဲ မြင်သူအဖို့အားကျဖွယ်ပင် ဆိုင်အဝင်ဝမှာချိတ်ဆွဲထားတဲ့ဆိုင်းပုဒ်လေးက *ယနေ့ဆိုင်ပိတ်သည်*

မင်းဒီနေ့ပြီးဦးမှာလားကောင်းမြတ်!

ဆိုင်ထဲမှာပထမဆုံးဆူခံလိုက်ရတဲ့သူကတော့ ဆိုင်ပိုင်ရှင် ကိုကောင်းမြတ်ပင်

ပြီးပါပြီ kelvin ရာ

Kelvin ဆိုသူက ကိုကောင်းခန့်ကျော်ခေါ် ကိုကောင်းမြတ်သူရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ဦးပင် တစ်ခြားသူတွေအတွက် သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဆိုတာယုံနိုင်ဖွယ်ရာတစ်စက်မှမရှိ

ပြီးပြီ ပြီးပြီ နဲ့တစ်နာရီလောက်ရှိနေပြီ ဒီမှာကလေးတွေက မင်း‌ကိုစောင့်နေကြတာ

အေးပါကွာ ဒါနဲ့မင်းတို့ သုံးယောက်က ဘာလို့အစောကြီးပြီးနေတာလဲ

ရှိုင်းတို့သုံးယောက်မှာ ကောင်းမြတ်အော်သံကြောင့် ကြောင်စီစီဖြစ်သွားရသည်
"ဘယ်နှယ့် အရင်ပြီးနေတဲ့သူကိုလာအော်နေရတာတုန်း"

ကျွန်တော်တို့က အကို့လိုပဲများနေတာမှမဟုတ်တာ

အသံဝဲဝဲလေးနဲ့ပြောလာသောမင်းငြိမ်းစကားကို အားလုံးကထောက်ခံလိုက်သည်

ဟုတ်တယ် ဦးလေးသာပဲများပြီးမပြီးနေတာ

ငါကမွေးနေ့ရှင်ပဲလေ လှအောင်ပြင်ရမှာပေါ့ ဘာဖြစ်လဲ

အကိုလှအောင်ပြင်လဲ အကို့ကို အကိုကာင်းခန့်ပဲကြည့်မှာ ဘယ်သူမှမကြည့်ဘူး

ဟဲ့အကောင်ရှိုင်းထက် ငါနဲ့kelvin နဲ့က သူငယ်ချင်းတွေ ငါလုပ်လိုက်ရ

လက်မြောက်လာသောကောင်းမြတ်ကြောင့်
ရှိုင်းမှာ ဇာတ်ကလေးပုဝင်သွားသည်

ဦးလေးနော် လက်တွေမပါနဲ့

ရှိုင်းအရှေ့ဝင်ကာ ကာကွယ်သူကြီးပုံစံဝင်ဖမ်းနေတဲ့vitaကြောင့်

ပါတော့ဘာဖြစ်လဲ ပါတော့ဘာဖြစ်လဲ

ကဲ! မင်းကလေးတွေကို လိုက်ရန်တွေ့မနေနဲ့ ပေး အကျီလက်က ကြယ်သီးငါတပ်ပေးမယ် ကြာလိုက်တာ

မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)Where stories live. Discover now