အပိုင်း(၅)

602 35 2
                                    

လှပတဲ့ချစ်ခြင်းတရားတွေကိုပုံဖော်တဲ့အခါလူနှစ်ယောက်ရဲ့နှလုံးသားတစ်စုံလိုအပ်တယ် လူတွေဟာနက်နက်ရှိုင်းရှိုင်းချစ်မိတဲ့အခါ သူသိပ်ချစ်တဲ့လူအပေါ်မှာ နူးညံ့သိမ်မွေ့စွာပြောင်းလဲလာကြတယ်။
တစ်မြို့လုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့
မြိုအုပ်မင်းရဲ့သားဖြစ်သူ သူရိန်ဟာ သာမာန်အရပ်သားလေးဖြစ်တဲ့ ကျောင်းဆရာလေး
ရှိုင်းထက်ကိုအရှုံးပေးရစမြဲ

ဒီမှာ မင်းတို့ ဒီနေရာကနေအမြန်ဖယ်ပေးဖို့စဉ်းစားထား

ကျွန်တော်တို့တောင်းပန်ပါတယ် မြို့အုပ်မင်းလေးရယ် ကျွန်တော်တို့မှာ မိဘအမွေဆိုလို့ ဒီမြေလေးပဲရှိတော့လို့ပါ

ဒူးထောက်ကာတောင်းပန်နေသောဦးလေးကြီးဟာ မြင်တဲ့သူတိုင်းအတွက်သနားစရာအတိ

ငါအဲ့တာတွေနားမလည်းဘူး ငါ့အဖေကသိမ်းခိုင်းထားတာ အဲ့တော့ ငါ့တာဝန်ငါပြီးအောင်ထမ်းဆောင်ရမှာ ဟေ့ကောင်တွေဘာလုပ်နေတာလဲပစ္စည်းတွေဆွဲချကြစမ်း!!

သူရိန်ရဲ့အမိန့်ပေးမှုကြောင့် အနောက်မှာမတ်တပ်ရပ်နေသော လူသုံးယောက်ဟာ ယိမ်းယိုင်နေသောအိမ်ငယ်လေးထဲက ပစ္စည်းတွေကိုဆွဲချလိုက်တော့သည်

တောင်းပန်ပါတယ် မလုပ်ကြပါနဲ့ဗျာ

‌ခြေသလုံးဖက်ကာတောင်းပန်နေသော ဦးလေးကြီးရဲ့ ငိုကြွေးသံတွေကို လျစ်လျူရှုထားသောလူသားဟာ သိပ်ရက်စက်တတ်တာပဲလား

ဒါက ဘာတွေလုပ်နေကြတာလဲ!

အနောက်ကထွက်ပေါ်လာတဲ့အသံစူးစူးလေးကြောင့် သူရိန်‌တို့တွေ လှည့်ကြည့်လိုက်ကြသည်

ဆရာလေး ကူပြောပေးပါဦးဗျာ ဒီမြေလေးဟာကျွန်တော့်အတွက်အရမ်းတန်ဖိုးကြီးလို့ပါကူပြောပေးပါဦးဆရာလေးရယ်

မျက်ရည်တွေနဲ့လာပြောနေသောဦးလေးကိုကြည့်ကာရှိုင်းစိတ်မကောင်းဖြစ်မိသည်
တစ်ယောက်သောသူကတော့မျက်နှာလွဲထားကာသူ့ကိုပင်မကြည့်

ဒီလိုလုပ်တာကအရမ်းမလွန်လွန်းဘူးလား

ဆရာလေးနဲ့မဆိုင်ပါဘူး ကိုယ့်နေရာကိုယ်နေပါ ဝင်မပါပါနဲ့

မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)Wo Geschichten leben. Entdecke jetzt