အပိုင်း(၁၂)

558 33 4
                                    

အိမ်လေးထဲမှာစက်နှင်းတစ်ယောက် အလုပ်သွားရန်ပြင်ဆင်နေတော့သည်

အကိုရှိုင်း

အလောတကြီးပြေးဝင်လာသော သူရိန်ကိုကြည့်ကာ စက်နှင်းမှာ လန့်သွားရသည်

သူရိန် ဘာဖြစ်လာတာလဲ

အကိုရှိုင်းရှိလားဟင် မမစက်နှင်း

ရှိုင်းလေးက ကျောင်းသွားပြီလေ

မျက်နှာညိုးငယ်သွားသောသူရိန်ကြောင့် စက်နှင်းမှာစိတ်မကောင်းဖြစ်သွားရသည်

ရှိုင်းလေးကိုလာတွေ့တာလား

ဟုတ် ဒါဆို ကျွန်တော်သွားလိုက်ဦးမယ်နော် မမစက်နှင်း အချိန်မရတော့လို့

အွန်းပါ

အိမ်လေးထဲကနေခေါင်းလေးငုံ့ကာမျက်နှာညိုးပြီးထွက်သွားတဲ့သူကြောင့် စက်နှင်း သက်ပြင်းလေးသာချမိတော့သည် မြို့အုပ်မင်းရဲ့ဆုံးဖြတ်ချက်တွေက သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက်ကို ဘယ်လောက်တောင်ထိခိုက်စေလိုက်မလဲ  ကလေးတွေကိုသနားယုံကလွဲပြီး ဘာမှလဲမတတ်နိုင်ပြီမဟုတ်လား ဂျူတီချိန်နီးကပ်နေပြီမလို့ အတွေးတွေကိုဖျောက်ကာ ဆေးရုံးသို့သွားရန်သာ ဆက်ပြင်ဆင်နေမိတော့သည် ခြင်းလေးထဲကိုအဖြူရောင်နှင်းဆီပန်းလေးကတော့မပါမဖြစ် ။

ဆရာလေးရှိုင်း မြို့အုပ်မင်းကတွေ့ချင်လို့ပါတဲ့

ကျွန်တော့်ကိုလား

ဟုတ်ပါတယ်

ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါ့မယ်

ရှိုင်း စစ်လက်စစာတွေကိုစားပွဲခုံပေါ်တင်ထားကာ မြို့အုပ်မင်းခေါ်ဆိုထားသောနေရာသို့ထွက်လာခဲ့တော့သည်

ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ပါဗျ

အော် ဆရာလေးရှိုင်း ရောက်လာပြီပဲ ထိုင်ပါဦး

ကျေးဇူးတင်ပါတယ်ဗျ

ရှိုင်း မြို့အုပ်မင်းနဲ့မျက်နှာချင်းဆိုင်မှာနေရာဝင်ယူလိုက်သည်  အခန်းထဲကိုဝေ့ကြည့်လိုက်တော့ သူနဲ့မြို့အုပ်မင်းကလွဲပြီးဘယ်သူမှမရှိ အခန်းအပြင်ဘက်တွင်တော့ မြို့အုပ်မင်းရဲ့လူသုံးလေးယောက်လောက်က အခန်းရှေ့မှာရပ်စောင့်နေကြသည်

မုန်းသည်ထက်ပို၍ချစ်ခဲ့သည်(The Love Cafe)Where stories live. Discover now