Chapter 68
"ကျွန်တော် ရှစ်စွမ်းကို လာရှာမယ်..."
ရှန်းလျိုရှန့်က မသိမသာ မျက်ခုံးပင့်လိုက်မိသည်။
ထိုအချိန်တွင် အခန်းတံခါး ပွင့်သွားကာ ကျင်းရှောင်ကျို့က သေတ္တာတစ်ခုကို သယ်လာပြီနောက် နဖူးမှချွေးများကို သုတ်၍လိုက်သည်။
"မင်းသားလေး ကျွန်တော် အစားအသောက်တွေ ယူလာတယ်..."
ရှန်းလျိုရှန့်က အံ့အားသင့်နေသည်။"မင်းက လိပ်လား..."
ကျင်းရှောင်ကျို့က ရယ်မောကာ သေတ္တာကို ဖွင့်၍ ပြောသည်။"ကျွန်တော် စားသောက်ဆိုင်က အကုန်လုံးကို ဝယ်လာတယ်...ဒါပေမဲ့..."
သူ၏ စကားလုံးများကို ပဟေဠိဖြစ်စွာ ရပ်တန့်လိုက်သည်။
"မုန်လာဥနီတွေ အကုန် ရောင်းထွက်သွားပြီတဲ့...ကျွန်တော် တစ်မြို့လုံးက ဆိုင်တွေကို သွားခဲ့တာတောင် တစ်ခုမှ မကျန်တော့ဘူး..."
ရှန့်လျိုရှန့်က ရနံ မွှေးမွှေးများရ၍ ကျောက်စိမ်းပြားကိုကိုင်ကာ လျှောက်လာသည်။
"ဘာမှ မဖြစ်ဘူး...မုန်လာဥနီလေးပဲကို...ကုန်သွားရင်လည်း ကုန်သွားတယ်ပေါ့..."
ရှန်းလျိုရှန့်က တူကို ကိုင်ကာ ငါးတစ်ကောင်လုံးကို တစ်ကိုက်တည်းဖြင့် စားလိုက်သည်။
ဒီအရသာလေးနဲ့ ခုနစ်နှစ်တောင် ဝေးနေရတာ...တစ်စုံတစ်ခု ရွေ့လျားသွားသကဲ့သို့ ခံစားရကာ ကျောက်စိမ်းပြားထဲမှ ပေါ့ပေါ့ပါးပါး ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။
ကျိုးရွှမ်လန်အား 'ဘာကိုရယ်တာလဲ' ဟု မေးရန်ပြင်လိုက်ချိန်တွင် ပြတင်းပေါက်မှ ရုတ်ရုတ်သဲသဲ ဆူညံသံများကို ကြားလိုက်ရသည်။ ကျင်းရှောင်ကျို့က ပြတင်းပေါက်သို့ လျှောက်သွားကာ ခေါင်းထုတ်၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။
လူငယ်လေး၏ အတွေ့အကြုံ မရှိသော မျက်နှာမှာ နောက်တစ်ခဏတွင် အေးခဲသွားသည်။
လူငယ်လေးက နှစ်လှမ်းခန့် ပြန်ဆုတ်ကာ စကားလုံးများကို ထစ်ငေါ့စွာ ပြောသည်။
"မင်းသားလေး လူတွေ အများကြီးပဲ...သူတို့က မင်းသားလေး ရှန်းယွီကို ခေါ်နေကြတာ..."