Chapter 81

1.6K 252 10
                                    

Chapter 81

ညနေပိုင်းတွင် ရှန်းလျိုရှန့် ဝိညာဉ်ဆေးပင်များဝယ်ပြီး ပြန်ရောက်လာချိန်၌ ရှုရှင်းချန်က သူ့နားသို့ကပ်လာပြီး မသိမသာ အစ်အောက်မေးလိုက်သည်။ ရှန်းလျိုရှန့်က အမှန်တကယ်ပင် ဆေးပင်များသာဝယ်ပြီး မည်သည့်နေရာမှ မသွားလာသည့်အခါ သူ ဆွံ့အသွားရတော့သည်။

သူကိုယ်တိုင်က အခွင့်အရေးကောင်းကို တန်ဖိုးမထားခြင်းဖြစ်၍ ရှုရှင်းချန်ကို အညှာအတာကင်းမဲ့သည်ဟု မဆိုသင့်တော့ပေ။

[ ရှုပ်သွားမှာစိုးလို့ပါ ရှုရှင်းချန် သူနဲ့ကျိုးရွှမ်လန်ကို အိပ်ရာပေါ်တွေ့တဲ့အချိန် မပတ်သက်နဲ့ ပြောလိုက်လို့ ကျိုးရွှမ်လန်ထွက်သွားရတာမို့ ရှန်းလျိုရှန့်က ဒီကိစ္စကို စိတ်မကောင်းဖြစ်ပြီး ထမင်းတောင်စားမဝင်ဘူးလို့ ရှုရှင်းချန်က ထင်လိုက်တာပါ၊ အဲဒါကြောင့်မို့ ရှန်းလျိုရှန့်အပြင်သွားပြီး ဆေးပင်တွေဝယ်မယ်ဆိုတော့ ကျိုးရွှမ်လန်နဲ့ စိတ်ချလက်ချတွေ့ရာအောင်လို့ သူက ကျွမ့်ယွင်အဆောင်မှာပဲ တစ်နေကုန်နေမယ်ဆိုပြီးပြောထားတာကို ရှန်းလျိုရှန့်က ဆေးပင်တွေပဲဝယ်ပြီးပြန်လာလို့ သူ ဘာပြောရမှန်းမသိ ဖြစ်သွားတာပါ🤣 ]

ကျွမ့်ယွင်အဆောင်၏ မြေညီထပ်ကို ရှန်းလျိုရှန့်နတ်ဆေးဖော်ရန်အတွက် အထူးပြင်ဆင်ပေးထားခြင်းဖြစ်သည်။ ရှန်းလျိုရှန့်က သူဝယ်လာသည့် ဆေးပင်များကို ကြည့်ရှု့စစ်ဆေးနေသောကြောင့် သူ မသိလိုက်မီအချိန်မှာပင် ညနက်လာခဲ့သည်။

ညရောက်သည့်အခါ ရှုရှင်းချန်က သူ့ကိုအနီးကပ်စောင့်ကြည့်ရန်အတွက် ဆေးဖော်ခန်းထဲ လာနေနေသည်။ ယခုလက်ရှိအချိန်တွင်မူ သူ ‌မတောင့်ခံနိုင်တော့၍ ခေါင်းငိုက်စိုက်ကျပြီး အိပ်ငိုက်နေသည်မှာ ကြက်ပေါက်စလေး အစာကောက်နေသည်နှင့် တူပေသည်။

ရှန်းလျိုရှန့်က သူ့ကိုအိပ်ရာနိုးပြီး အခန်းထဲသွားအိပ်ခိုင်းမည်ဟုတွေးပြီး လက်လှမ်းလိုက်သည်။ ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှ ဆူဆူညံညံအသံအချို့ကို ကြားလိုက်ရသည်။

ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး အိပ်ငိုက်နေသော ရှုရှင်းချန်ကို တစ်ချက်ကြည့်ကာ ပြတင်းပေါက်နားသို့ တိတ်တိတ်လေး ကပ်လာသည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now