Chapter (21)

7.1K 799 54
                                    

NSFW Warning
Read on your own risk

နူတ်ခမ်းပေါ်မှ ဖွဖွခံစားရတဲ့ နူးညံအိစက်နေတဲ့
အထိတွေ့သေးသေးလေးဟာ
Jiminရဲ့ခေါင်းကို ဗလာကျင်းသွားစေသည်။
သူအမှန်တကယ်ကိုပင်ဘာမှ မတွေးနိုင်တော့ပါ။

တစ်ဖက်လူရဲ့ နူတ်ခမ်းသားများက
သူ့နူတ်ခမ်းထူထူ တစ်စုံပေါ်မှာ
ထပ်တူကျလို့..။

ပြွက်စ်ခနဲ မြည်သွားသည့် အသံနှင့်အတူ
မပြင်းမထန်သော အနမ်းတစ်ခုက အဆုံးသတ်သည်။
မြင့်ချည် နိမ့်ချည် လိုက်ဖိုနေသော ရင်ဘက်နှစ်စုံက
အနမ်းကြောင့် မောနေတာမဟုတ်ပဲ
မထင်မှတ်ပဲဖြစ်သွားသော အခြေနေကြောင့်
စိတ်လူပ်ရှားနေခြင်း ဖြစ်နေသည်။

ပြတင်းပေါက်က တိုးဝင်လာတဲ့ လရောင်ဖွဖွအောက်မှာ
တွေ့ရတဲ့ Jungkookရဲ့ မျက်လုံးတွေက အဖြေရှာမရ။
ထိုမျက်လုံးတွေဟာ ဝင်္ဂဘာတွေလိုမျိုး
သူပြန်ထွက်လို့မရတဲ့ ကမ္ဘာတစ်ခုထဲတွင်
သူလမ်းပျောက်သွားတော့သည်။

အဖြေရှာမရနိုင်တဲ့ မျက်လုံးတွေက သူ့ဆီကို
နောက်တစ်ဖန် ပြန်ချဉ်းကပ်လာသောအခါ
သူ့မျက်လုံးတွေကို တစ်ဖန်မှိတ်ချလိုက်သည်။
ထိုအတူ မကြာသေးခင်ကမှ ပူပူနွေးနွေး ထိတွေ့ထားတဲ့
နူတ်ခမ်းတစ်စုံတို့ကလဲ ပြန်လည်ထိကပ်လာခဲ့သည်။

သို့သော် ဒီတစ်ခေါက်တွင်တော့ ပထမတွေ့ဆုံမူ့နဲ့မတူစွာ..
အပေါ်နူတ်ခမ်း အောက်နူတ်ခမ်းတို့က ထိရုံလေးထိမနေတော့ပဲ
လျှင်မြန်စွာလူပ်ရှားလာသည်။
Jimin သူ့ရှေ့ကလူရဲ့ အသက်ရူနေသောလေဝင်လေထွက်ကို
ကောင်းကောင်းကြီး သူ့ပါးပေါ်တွင်ခံစားနေရသည်။
သူ့နှလုံးသားလေးကလဲ အဆက်မပြက်ခုန်လို့
အသက်တောင် ကောင်းကောင်းမရူနိုင်တော့။

မူလက Jimin၏ပါးဖောင်းဖောင်းပေါ်တွင်
တင်ထားသော ထိုသူရဲ့လက်များဟာ
လည်တိုင်ပေါ်သို့ တဖြည်းဖြည်းဆင်းလာပြီး
Jimin၏ ခေါင်းအနေထားကို
သူနှင့်ချိန်ကိုက်ဖြစ်ရန်ညှိယူလိုက်သည်။

Jungkook၏ ခေါင်းထဲမှာ ဘာတွေ
တွေးနေလဲသူတကယ်မသိတော့ပါ။
သူတကယ် လူကို ဘာဖြစ်စေချင်နေတာလဲ?

Jiminရဲ့ လည်ဂုတ်ပေါ်မှာရှိနေတဲ့
Jungkookရဲ့လက်ချောင်း ရှည်သွယ်သွယ်တွေက
Jiminကို သူ့ခန္တာကိုယ်ဘက်ရောက်အောင် ပို၍ဆွဲယူနေသည်။

Magic In The MoonlightWhere stories live. Discover now