Chapter (13)

7.2K 874 32
                                    

Jiminမျက်လုံးများကိုဖွင့်ကြည့်လိုက်တော့
မြင်လိုက်ရသော မျက်နှာကျက်ဖြူဖြူများကြောင့်
သူကျောင်းဆေးပေးခန်း၏ ကုတင်ပေါ်တွင်
လှဲလျောင်းနေမှန်း အသိဝင်လာသည်။
သူ့၏ညာဘက်လက် လက်ဖျံတွင်
အသာယာ ထိုးစိုက်ထားသော
အပ်တစ်ချောင်းကိုတွေ့ရသည်။

ခေါင်းကိုစောင်း၍
ဘေးကုတင်ကိုကြည့်လိုက်တော့
သူ့ကဲ့သို့ပင်Jungkookသည်လဲ
အိပ်စက်လှဲလျောင်း နေသည်ကိုမြင်ရသည်။
Jungkook၏ ဘယ်လက်ဖျံတွင်လဲ
သူ့ကဲ့သို့အပ်တစ်ချောင်းထိုးထားကာ
ဆေးပိုက်နှင့် ဆက်သွယ်လျက်
ကုန်ခါနီးဆေးပုလင်းတစ်လုံးကိုလဲ
ကုတင်၏ဘေး၌
ဆေးပုလင်းချိတ်သောတိုင်တွင် ချိတ်ထားသည်။

သူထိုအခါမှအသိဝင်သည်ကား
သူတို့နှစ်ယောက်မှာ ကျောင်းဆေးပေးခန်းတွင်
ဆေးသွင်းနေရခြင်းဖြစ်သည်။

သူတို့နှစ်ယောက်သည် အခန်းတစ်ခန်းထဲ၌
တစ်ညနီးပါးအပိတ်ခံထားရသည်ဖြစ်ရာ
သူရောJungkookရော ကျန်းမာရေး
အခြေနေမှာအလွန်ဆိုးရွားနေသူများ
မဟုတ်ကြသော်ငြား ၊
အနည်းငယ်အင်အားချိနည့်နေသဖြင့်
ကိုယ်ခံအားပျက်လပ်၍ အဖျားဝင်မည်ကို
စိုးရိမ်သည်က တစ်ကြောင်း ၊
ကျောင်းကတာဝန်ယူ တာဝန်ခံများဖြစ်သည့်အတွက်
လိုလိုပိုပို ကျန်းမာရေးကို
သာသာလွန်လွန်ဂရုစိုက်ပေးကာ
ကျောင်းသားများအတွက် လုံခြုံမူ့ပေးခြင်းဖြစ်သည်။

ထို့နောက် အသားဖြူဖြူခပ်ချောချော
ဆရာဝန်တစ်ယောက်က
အခန်းထဲသို့ တိတ်တဆိပ်ဝင်လာကာ
ပုလင်းချိတ်တိုင်မှ
ထိုကုန်ခါနီးဆေးပုလင်းကိုဖြုတ်လိုက်သည်။
ပါးစပ်မှလဲ တစ်ချို့စကားတို့ကိုပြောနေသေးသည်။

"ဒီဟာပြီးရင်တော့ ပြီးပြီ"

သုံးပြီးသားဆေးပုလင်းအကုန်နှင့်
ဆေးပိုက်များကို ကုတင်ဘေးကစားပွဲအောက်ရှိ
အမိုက်ပုံးအသေးလေးထဲသို့ လွှင့်ပစ်ပြီးနောက်
ဆရာဝန်သည် အခန်းထဲမှ
ဝင်လာတုန်းကကဲ့ တိတ်တဆိတ် ထွက်ခွာသွားသည်။

သူတို့ကိုအနှောက်ယှက်မရှိပဲ
ကောင်းကောင်းမွန်မွန် အနားယူနိုင်ရန်
ရှောင်ပေးဟန်ပေါ်သည်။

Magic In The MoonlightWaar verhalen tot leven komen. Ontdek het nu