Chapter(29)

9.3K 792 69
                                    

Zawgyi

/​ကိုယ်​ရောက်​နေပြီ​နော်/

ဖုန်းစခရင်​ပေါ်တတ်လာတဲ့noti​လေးကို Jiminအ​ပေါ်ထပ် အကျီဝတ်​နေရင်းက​နေလှမ်းကြည့်လိုက်တယ်။ ​အိမ်​ရှေ့မှာJungkookကသူ​ရောက်​နေပြီတဲ့။ Jiminမျက်နှာနုနု​ပေါ်မှာအပြုံး​လေးတစ်ခုက​နေရာယူလာတယ်။ ဒီ​နေ့က သူနဲ့Jungkookအရင်လိုပြန်ဖြစ်တဲ့​နေ့​လေ။အဲ့အပြင်အဲ့လူဆိုး​လေးက လူကိုချစ်ခွင့်လဲပန်ထား​သေးတယ်။

ဖုန်းကိုပိတ်ပြီး ​လွယ်အိပ်လွယ်ပြီးအပြင်ကိုထွက်လာ​တော့ အိမ်​ရှေ့မှာ စက်ဘီးတစ်စီး​ပေါ်မှာထိုင်ရင်း သူအလာကို​စောင့်​နေတဲ့ ခန့်ညား​တဲ့ နက်ဘုရား​လေးတစ်ပါးကိုသူ​တွေ့ရတယ်။ ဆံပင်ညိုနုနု​လေး​တွေကို ​လေ​​ပြေညှင်းကကြည်စယ်သွားတဲ့ပုံကတကယ်ကို ​ငေးကြည့်ချင်စရာပဲ။ သူတကယ်ကို​ငေးမိသွားတယ် ထင်ပါတယ်။ အ​ရှေ့ကလူက သူ့ကိုပြုံးပြလာ​တော့မှ သူလက်​တွေ့ဘဝကို အသိပြန်ဝင်တယ်။

"Mochi-ah သွားကြရ​အောင်"

"အွန်း"

Jungkookရဲ့ စက်ဘီး​နောက်ကထိုင်ပြီး မိုးရွာထားလို့ စိမ်းစိုစို​လေးဖြစ်​နေတဲ့ သစ်ပင်​တွေဆီက​နေ ​ဝေ့လာတဲ့ ​လေ​ပြေညှင်း​လေး​တွေကို သူလက်က​လေးထုတ်ပြီးခံစားကြည့်တယ်။လက်တစ်ဖက်​က​တော့ Jungkookရဲ့ခါးကိုဖက်ထားရတယ်။ဘာလို့ဆို စက်ဘီး​ပေါ်စထိုင်ကထဲက Jungkookကသူ့ကိုဖက်ဖို့ အတင်း​ပြောလို့ သူ့မှာမလွှဲသာ မ​ရှောင်သာပဲ ဖက်ထားရတာ။

ကျောင်းကို​ရောက်​တော့ Jungkookက စက်ဘီးကို​နေရာတကျထားပြီး သူ့လက်က​လေး​တွေကိုဖွဖွလာကိုင်တယ်။ကျောင်းခန်းထဲကို ဒီလိုပုံစံနဲ့တူတူဝင်ကြမယ်ဆိုတဲ့သ​ဘောနဲ့​လေ။အမှန်တိုင်း​ပြောရရင် Jiminရင်​​​ထဲမှာ ဒစ်စကိုမြူးစစ်​အော်တကာဒွန့်​နေတဲ့အတိုင်းပဲ။Jungkookကတခြားသူ​တွေရဲ့အမြင်ကိုလဲဂရုစိုက်ပုံမ​ပေါ်ဘူး။ဒါ​ပေမဲ့သူက​တော့ ဂရုစိုက်တယ် Jungkookကိုတခြားသူ​တွေတမျိုးမြင်မှာ သူမလိုချင်ဘူး။ သူလက်ကိုခါချလိုက်​တော့Jungkookကသူ့ကို မဟားတရား ရင်ထဲမှာခံစားရပါတယ်ဆိုတဲ့အကြည့်မျိုးနဲ့လာကြည့်ရှာတယ်။

"Mochiက ကိုယ့်ကို စိတ်ဆိုး​နေတုန်းပဲလားဟင်"

ဟောလ်! ဒီJungkookက ဥာဏ်​လေး​ကောင်းမယ့်ပုံနဲ့ Chapter 3ခုလုံးကို ဒီစကားလုံးပဲ​ပြောတတ်ပုံပဲ။ သူပြန်စဉ်းစားရ​တော့မယ်။ တစ်မနက်လုံးနဲ့သူနဲ့အတူတူရှိ​နေ​ပေးပြီးပြီ၊ သူ့ခါးကိုလဲဖက်ပြီး စက်ဘီးစီးလာပြီးသွားပြီ။ဒါကို သူက ဘယ်​နေရာ​တွေမှာများ အထင်လွှဲ​အောင် signalအမှား​တြွေပလိုက်မိလို့လဲ။ လက်က​လေးဖြုတ်လိုက်မိတာ​ကြောင့်များလား။

Magic In The MoonlightWhere stories live. Discover now