Chapter (6)

9.2K 930 58
                                    

"ကဲ အားလုံးပဲ ကျနော် ဒီနေ့ ခေါ်လိုက်တာတော့
ကျနော်တို့ Companyရဲ့ ဝန်ထမ်းတွေအတွက် ကျန်းမာရေးနဲ့ပတ်သတ်ပြီး ထိန်းသိမ်းဖို့အကြောင်းကိုပြောချင်လို့ပါ"

နမ်ဂျွန်းအရှေ့တွင် ရှိနေသော မန်နေဂျာ ရဲ့အသံကြောင့်
ဘေးနားရှိ ဝန်ထမ်းတစ်ဦးနဲ့ စကားပြောနေရာမှ
အာရုံတွေကို ဒါရိုက်တာရဲ့ အသံပေါ်ကို ထားလိုက်သည်။

meeting Roomထဲထိုင်နေတဲ့ လူထုရဲ့ တိတ်ဆိတ်မူ့attentionရလာတဲ့အခါမှာတော့
မန်နေဂျာနင်မ်က နောက်စကားတစ်ခွန်းကို ဆက်လေသည်။

"အခုက အားလုံးသိတဲ့အတိုင်း ဒီဇင်ဘာလဆိုတော့ အအေးက တော်တော်ပိုလာပြီဖြစ်ပါတယ်ခဗျာ။
အအေးပိုလာတာနဲ့ ဗိုင်းရပ်စ်ပေါင်းစုံကလဲဝင်ဖို့ ကျားကုက်ချောင်းချောင်းနေတာ အားလုံးသိကြမှာပါ။ အခု

တစ်လော Companyကလဲ ရောင်းအားတွေကောင်းလာတော့ အားလုံး အလုပ်ပိုလာတာလဲ အားလုံးသတိထားမိကြမှာပါ...ဒါကြောင့် မို့လို့ အလုပ်တွေများတဲ့ထဲကနေ
ကျန်းမာရေး တစ်ခုခူချွတ်ချော်သွားမှာစိုးလို့ဖြစ်ပါတယ်။
ပြီးတော့ အခုတစ်လော နေမကောင်းလို့ ခွင့်ယူတဲ့သူက
များလာတော့ တစ်ခါ တစ်ခါCompanyရဲ့ အကျိုးစီးပွားကိို
အလွန်ထိခိုက်ပြီး ချွတ်တိမ်းစေပါတယ်။
ဆောင်းဆိုတော့ နေမကောင်းဖြစ်ပြီဆိုရင်လဲ...ပြန်ပြီး နေကောင်းဖို့က ခတ်ခတ်ရယ် မဟုတ်လား?"

မန်နေဂျာဟာ ကြည်လင်ပြက်သားသော အသံနှင့်
လူထုရဲ့ အာရုံစိုက်မူ့ကို အပြည့်အဝခံယူကာ အာဘောင်
အာရင်း သန်သန်နှင့် ပြောနေလေသည်။

"ဒါကြောင့် မို့လို့ ကျနော်တို့ ဝန်ထမ်းတွေကို မဖြစ်ခင်က ကြိုတားဆိုသလို ကျန်းမာရေးကောင်းမွန်ပြီး တစ်ခုခု မချွတ်ယွင်းအောင် ကျန်းမာရေး အသိနဲ့ ဆောင်ရန် ရှောင်ရန် သင်တန်း ပို့ချဖို့အတွက် စီစဥ်ထားပါတယ်ခမျာ"

ဟုတ်ပါသည်။ ဤသည်မှာ ဒါရိုက်တာ နမ်ဂျွန်းကိုယ်တိုင်
စီစဥ်ထားသော ကျန်းမာရေးအသိနှင့် ဗဟုသုတ ပညာပေး အစီအစဥ်ပင် ဖြစ်လေသည်။ Companyတစ်ခုအောင်မြင်မူ့ဟာ Companyရဲ့ ဝန်ထမ်းများအပေါ် လွန်စွာမှီခိုသည်ဟု နမ်ဂျွန်းလုံးဝယုံကြည်သည်။
ဒါကြောင့် ဝန်ထမ်းများ အပေါ် ကြင်နာကြည်ဖြူစွာ ဆက်ဆံ မျက်နှာသာပေးရမည် ဟူသည်မှာနမ်ဂျွန်း၏ လက်ကိုင် ဆောင်ပုဒ်ဖြစ်လေသည်။
နမ်မ်ဂျွန်းဟာ ဤကဲ့သို့ နူးညံသော နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု နမ်ဂျွန်း သူ့ကိုယ်သူ ထင်သည်။
တစ်ခါတစ်ရံ သူများထက် ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်မိတာလောက်ကတော့ လူ့သဘာဝပဲမဟုတ်လား။

Magic In The MoonlightWhere stories live. Discover now