Chapter (24)

7.7K 842 103
                                    

နေ့ရက်တိုင်း နေ့ရက်တိုင်းဟာ
Jiminအတွက်ပိုပိုပြီးသေချာလာတယ်။
ဘယ်အရာကသေချာလာတာလဲဆိုတော့
Jungkookကသူ့ကို နည်းနည်းလေးတောင်
မဆက်သွယ်၊ မပတ်သတ်ချင်ဘူးဆိုတာပါပဲ။

တစ်စုံတစ်ယောက်ကိုချစ်ရတာ သိပ်ကိုပင်ပန်းရမှန်း
နေ့စဉ်နဲ့ရက်ဆက်အမျှ သူသိလာရတယ်။
အချစ်တွေက လူကိုပင်ပန်းစေတာမဟုတ်ပါဘူး။
အချစ်ကြောင့်ဖြစ်လာတဲ့ မျှော်လင့်ချက်တွေက
လူကိုပင်ပန်းစေတာ။

သူ့ဘက်ကစပြီးအကြိမ်ကြိမ်အခါခါဆက်သွယ်ခဲ့တယ်။
ဟိုဘက်ကသူ့ကို နည်းနည်းလေးတောင်
ပြန်လှည့်မကြည့်ဘူး။
ထိုလူသားအတွက် သူက
အနှောက်ယှက်ဖြစ်မလားဆိုတဲ့ စိတ်ကြောင့်
သူထပ်မဆက်သွယ်ဖြစ်တော့ဘူး။

ကြားထဲမှာဝင်သွားပြီး စာပြန်မလာတဲ့
ဖုန်း Callတွေ Messageတွေကြောင့်
သူရှက်လဲရှက်လာတယ်။

သူဘာလို့ ဒီလောက် စာတွေပို့၊
ဖုန်းတွေဆက်နေလဲဆိုတော့
သူ့ကိုဘာလို့ ဒီလိုဆက်ဆံရတာလဲဆိုတာကို မေးဖို့ပါပဲ
ကျန်တဲ့အကြောင်းပြချက်မရှိဘူး။

အဲ့အချိန်မှာ တစ်စုံတစ်ယောက်အတွက်
ရည်ရွယ်ထားတဲ့အရာတွေအကုန်လုံးကတော့
အကုန်ပြိုလဲကုန်တယ်။

သူ့ရဲ့ Physical appearance လိုပေါ့။
ထိုလူသားအတွက်ဆိုပြီး
သူ့ကိုသူပိုကြည့်ကောင်းအောင် ပိုသပ်ရပ်အောင်
လုပ်ထားခဲ့သမျှတွေက

ထိုလူသားက သူ့အပေါ် ခါးခါးသီးသီး
ဆက်ဆံတဲ့အခါမှာ အရာအားလုံးက
ဖုတ်ခနဲ ဖွခနဲ ပျောက်သွားသလိုပဲ။
တစ်စုံတစ်ယောက်အပေါ်မှာ တည်ဆောက်ထားတဲ့
မျှော်လင့်ချက်တွေ...သံယောစဉ်တွေလိုပေါ့။

တခြားလူတစ်ယောက်အတွက်ကြောင့်
ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲတာဟာ
ဘယ်တော့မှ မတည်မြဲနိုင်မှန်း
သူ့ကိုယ်သူ သတိထားမိလာတယ်။

ဒါပေမဲ့ သူက သူချစ်တဲ့သူအတွက်ပြောင်းလဲချင်ခဲ့တာလေ။

ဒါပေမဲ့ ဒီတစ်ခေါက်တော့
သူ့ကိုယ်သူပဲချစ်ချင်တော့တယ်။

တခြားလူတစ်ယောက်ကိုချစ်ရတာ
တကယ်ပင်ပန်းလွန်းတယ်။

ကိုယ့်အတွက်တွေးပေးမယ့်သူ ၊
ကိုယ့်ကိုနားအလည်ဆုံးသူ ၊
ကိုယ့် ခံစားချက်တွေကိုနားလည်ပေးမယ့်သူ ၊
ကိုယ့်ကိုစောင်ရှောက်မယ့်သူဆိုတာ
ကိုယ်ကိုယ်တိုင်ပဲရှိတယ်ဆိုတာ
သူသဘောပေါက်သွားတယ်။

Magic In The MoonlightOn viuen les histories. Descobreix ara