Chapter (19)

6.6K 821 29
                                    

ပိတ်ရက် တစ်ရက်ဆိုသော အချိန်က
မြန်မြန်ဆန်ဆန်ပဲကုန်ဆုံးသွားခဲ့သည်။
ဒီနေ့သည် ကျောင်းသားပွဲတော်နေ့ဖြစ်၍
ကျောင်းတွင်း ဟောခန်း၌
ဆုယူရမည့် ကျောင်းသားများနှင့်
ကျောင်းသားမိဘများက စုဝေးနေကြသည်။

မကြာမှီအချိန်တွင် အခမ်းအနားက
စတင်တော့မည်ဖြစ်ပြီး အခမ်းအနားအစမှာပင်
အဖွင့်သဘောအနေဖြင့်
၁လခွဲ ကျော်ခန့်လေ့ကျင့်ထားရသော
Jiminတို့ အတန်းမှကျာင်းသားများကသ်ီချင်း
သီဆိုပေးရမည်ဖြစ်သောကြောင့်
စင်အနောက်တွင် အဆင်သင့်အနေထားနှင့်
စောင့်နေလျက်ရှိသည်။

Jiminကတော့ မနှစ်ကတစ်နှစ်လုံး
ကောင်းမွန်သော အမှတ်များ အဆင့်များကြောင့်
ပညာရည်ထူးချွန်ဆုကိုရယူရမည့်
ကျောင်းသားများစာရင်းတွင်ပါသောကြောင့်
သ်ီချငိးသီဆိုပြီးလျှင် ဆုယူဖို့ပါစောင့်နေရဦးမည်။
Jimin၏ ဆုယူပွဲများသို့
Jimin၏ မေမေက နှစ်စဉ်နှစ်တိုင်း မလွဲမသေ
Jiminနှင့်အတူတတ်ရောက်လေ့ရှိသည်။

သူ့ မေမေကတစ်ခါပြောဖူးသည်။
မေမေက သူ့ကိုအမြဲတမ်း အချိန်မပေးနိုင်ရင်တောင်
Jiminရဲ့ အတောက်ပဆုံးသော အချိန်တွေမှာ
သူမရှိနေမှဖြစ်မည်တဲ့..
"သားရဲ့ ဒီမှတ်ဥာဏ်တွေမှာ မေမေက အမြဲတမ်းရှိနေမှာ"
တဲ့လေ။

Jiminသူ့အတွေးနဲ့သူရှိနေစဉ်..
သူ့ဘေးနားသို့ တစ်စုံတစ်ယောက်က ရောက်လာပြီး
သူ့ရဲ့ လက်ချောင်းဖောင်းဖောင်းလေးများကို
ညင်ညင်သာသာဆုပ်ကိုင်လာသည်။

Jiminလဲ ထိတ်လန့်ပြီး
သူ့ဘေးကလူကို တစ်ချက်လှည့်ကြည့်လိုက်တော့
ထိုလူကား သူattentionအပေးရဆုံးသောသူ..
တစ်လောကလုံးက ငေးမောကြည့်ရလောက်အောင်
ချောသူ၊ သူ့ရဲ့Jungkookက
သူ့ကို ယုန်ကလေးတစ်ကောင်လို ၊
ရှေ့သွားနှစ်ချောင်းကြီးကြီးလေးများကို ဖော်ကာ
မျက်လုံးကလေးတွေက လခြမ်းပုံဖြစ်သွားတဲ့ထိ
ချစ်စရာကောင်းလှစွာပြုံးပြလာသည်။

အပြုံးတွေဟာ ကူးစက်တတ်သည်။
သူမသိလိုက်ခင်မှာပဲ Jiminကပြန်ပြုံးပြလိုက်မိတော့
Jungkookက သူ့၏လက်ဖောင်းဖောင်းကလေးကို
သူ၏ ကြီးမားရှည်လျားသော လက်ချောင်းများဖြင့်
ဆုပ်ကိုင်ကာ အသာလေးညှစ်ပြီး
ဟိုဘက်ပြန်လှည့်သွားသည်။

Magic In The MoonlightWhere stories live. Discover now