"Jimin shiကကိုယ့်ကို စိတ်ဝင်စားတဲ့ပုံပဲနော်"
"ဟင်"
Jiminတစ်ချက် ထိတ်လန့်သွားသည်။
သူ ငေးတာလဲမှန်ပေမဲ့
အဲ့လောက်သိသာနေရင်
ရှက်စရာကောင်းတယ်လေနော်။"ဟင် ဘာကိုလဲ"
Jungkookက ခပ်ထူထူမျက်ခုံးများကိုပင့်ကာ
Jiminထံသို့တချက်ပြုံးပြပြီးနောက်"ဘာကိုရမှာလဲနော်... ဒီလိုမျိုး
ကျွန်တော့်စာအုပ်ထဲကိုရော ဘောပင်ကိုရော
မဟားတရားစိုက်ကြည့်ကိုပြောတာပါဗျ"ဟင်! သူကဘယ်လို မြင်သွားတာလဲ!
Jimin နားရွက်များ စတင်၍ နီရဲလာသည်။
ဤသို့ ခိုးကြည့်ခြင်းကို မိသွားသည်မှာ
အလွန်တရာရှက်စရာကောင်းလှသည်။
သူ့၏ဘဝတွင် ဤကဲ့သို့တခါမှမဖြစ်ဖူးချေ။
မဖြစ်ဖူးရခြင်းမှာ တစ်ခါမှမငေးဖူးသောကြောင့်လဲပါသည်။"ဩော်... အဲ့လိုဖြစ်သွားတာလား ကျွန်တော်က
ဒီတိုင်း ပုစ္ဆာကို ဘယ်လိုအဖြေရှာရမလဲ စဉ်းစားရင်း
မျက်လုံးက အဲ့လို့ဖြစ်သွားတာ ဆောရီးပါနော်"မည်သို့ပင်ဖြစ်စေကာမူ သူကတော့ ခပ်ပါးပါးလေးလိမ်ရန်
ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။ဟုတ်ပါတယ် ငမ်းနေတာပါဟု
အမှန်တိုင်း ဝန်ခံလိုက်လျှင်လဲ အလွန် မျက်နှာပြောင်ရာကျသည်။
သူနောက်ခါများတွင် ဤကဲ့သို့မဖြစ်အောင်ကြိုးစား၍
ခိုးဝှတ်ရန်လဲ စိတ်ထဲမှ တိတ်တိတ်လေးဆုံးဖြတ်လိုက်သည်။ထိုအခါ Jungkookကထို မသိသာသော အလိမ်ညာလေးက
ဖြစ်တန်နိုင်သလို ခံစားလိုက်ရသဖြင့် မယုံတယုံဖြင့်သာ
ယုံပေးရန် ဆုံးဖြတ်လိုက်သည်။"ဩော် အဲ့လိုလား"
နူတ်ခမ်းပါးလေးကို တစ်ချက်ပင့်ကာ ခပ်ဟဟရယ်ရင်း
ဆက်၍ပြော၏။"အဲ့ဒါဆို ဆောရီးပါ သက်သက်ကြီး စွပ်စွဲသလိုဖြစ်သွားလို့"
Jiminရင်တွေ အတိုင်းမဆခုန်လာသည်။
ခပ်ဖွဖွရယ်လိုက်သောJeon Jungkookကြောင့် ဖြစ်ဟန်တူသည်။
ထိုသူသည် အလွန်ပြည့်စုံလွန်းနေသည်။
Jiminရင်ဘက်ထဲတွင် ခပ်ရှရှခံစားလိုက်သလိုမျိုး
တစ်ယောက်ယောက်က အပြုံးဟုခေါ်သော ဓားဖြင့်ထိုးသွားသလိုမျိုး။
သူအလွန်မောဟိုက်သွားသလိုမျိုး ခံစားနေရသည်။
YOU ARE READING
Magic In The Moonlight
Fanfictionရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... ရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... Jungkook X Jimin paring ...