Chapter (20)

7.4K 852 71
                                    

Zawgyi

ပွဲတော် ပြီးသွားသည့်အချိန်မှာတော့
နှစ်ဝက်စာမေးပွဲကစတင်လေပြီ။
စာမေးပွဲမတိုင်ခင် ရှေ့တွင် ပိတ်ရက်
၎ရက်ခံသေးသဖြင့် ကျောင်းသားများဟာ
ထိုအချိန်တွင် စာကိုရသလောက်ကြိုးစားကြသည်။

စာမေးပွဲရက်တွင်းမှာဆို စာကို
အမြဲကြိုးစားတတ်သော Jiminကလေးက
ခုတော့ဖြင့် သူ့အိမ်ကိုစာတူတူလာလုပ်သည်ဟူသော
Jungkookကြောင့်နဲ့ စာကိုအာရုံမရောက်နိုင်တော့။
စာလုပ်ဖို့လာတယ်ပြောပေမဲ့ အိမ်ထဲဝင်လာကထဲက
မုန့်ထုတ်တွေအများကြီးယူလာသည်။

စာလုပ်ဖို့လာတာလား မုန့်စားဖို့လာတာလားလို့
Jiminကမေးတော့ စာလဲလုပ်မယ် မုန့်လဲစားမယ်လေတဲ့။
Mochiအရမ်းပိန်သွားလို့ပါတဲ့။
စာမေးပွဲတွင်းဆိုရင် အားပျက်လို့မရဘူးဆိုတာ သိတယ်မလားတဲ့။

သူDietနဲ့Exerciseလုပ်နေသည့်အကြောင်းကိုတော့
Jungkookကိုပေးမသိဖြစ်ခဲ့။
မသိစေချင်ခဲ့ပေမဲ့ Jiminရဲ့ Body
ပြောင်းလဲမူ့ကလိမ်မရ။
ဒါ့ကြောင့် သူတဖြည်းဖြည်းပျော်ဝင်လာတဲ့ တစ်ဖက်လူရဲ့
ကြင်နာမူ့တွေကြားမှာပဲ အလိုက်သင့်နေဖို့ ဆုံးဖြတ်လိုက်တယ်။

သဘောကျတဲ့သူနဲ့ အတူတူရှိတာကြောင့်မို့လို့
ညဘက်အေးလို့နှာစေးရင်း
နှပ်ချေးထွက်သွားတဲ့အကြောင်းကစ
Jungkookသူ့ဆီလာခါနီး
အိမ်သာတတ်ခဲ့တဲ့အကြောင်းထိ
စိတ်ဝင်စားစရာကြီးကိုဖြစ်လို့။

ဒီကြားထဲ မုန့်လေးစားရင်း
ဘောပင် မလှည့်တတ်တဲ့ Jiminကို
Jungkookကဘောပင်လှည့်နည်းသင်ပေးရင်းနဲ့
နှစ်ယောက်သား စကားလေးပြော မုန့်လေးစားနဲ့

ဒီကြားထဲ Gameတွေဘာတွေပါကောက်ကပ်ဆော့လိုက်သေးသည်။

စာဆိုသည့်အရာမှာ
သူတို့နဲ့ လားလားမှ မဆိုင်သလိုမျိုး၊
စာမေးပွဲဆိုသည့်အရာကြီးက
ဘယ်တော့မှရောက်မလာတော့မှာလိုမျိုး၊
တမေ့တမောနဲ့ ပျော်ပါးစားသောက်ရင်း
ညနေစောင်းသွားတာကြောင့်မို့လို့...

ပြန်ခါနီး Jungkookကို
မင်းမလာပါနဲ့တော့လို့မပြောပဲ အားနာနာနဲ့
" နောက်နေ့ ကိုယ့်အိမ်မှာပဲကိုယ်လုပ်ကြရအောင်"
လို့ စကားသွယ်ဝိုက်ပြီးပြောလိုက်ရသေးသည်။

Magic In The MoonlightWhere stories live. Discover now