Chapter (16)

6.9K 773 12
                                    

လွန်ခဲ့သော ၁၁ နှစ်ခန့်ကဖြစ်သည်။

ထိုနေ့က နွေဦးရာသီဖြစ်သောကြောင့်
ရာသီဥတုက လင်းထိန်ကာ သာယာနေခဲ့သည်။
အဆောက်ဦးတစ်ခုနှင့် မနီးမဝေးရှိသော
လူသူကင်းသော ကုန်းပြင်ပေါ်၌ စိမ်းစိုနေသော
မြက်ခင်းတို့ကနေရာယူလျက်သား။

ထိုစိမ်းစိုနေသော မြက်ခင်းပြင်၌ပေါက်ရောက်နေသော
သစ်မာပင်ကြီးထီးထီးကြီး၏အောက်တွင်
ဆံပင်ပွယောင်းယောင် အုပ်အုပ်ကလေးနှင့်
ကလေးလေး တစ်ယောက်သည်
ဒူးဆစ်ကလေးတုတ်ကာ
စောင့်ကြောင့်၍ထိုင်နေသည်။

လက်ထဲတွင်လဲ တုတ်ကလေးတစ်ချောင်းကိုကိုင်ကာ
ခြေထောက်အောက်က မြေသားကလေးများကို
ထိုးစွနေသည်။
အသက် ၅နှစ်အရွယ် Taehyungလေးသည်
လက်သေးသေးကလေးများနှင့် မြေကိုထိုးစွနေသလို
မျက်ရည်ကလေးများကလဲ ကျနေသေးသည်။

ပါးစပ်ကလေးကလဲ စကားလုံးအချို့တို့ကို
တိုးတိုးတိတ်တိတ်ကလေး
ရေရွတ်နေသည်။

"ဖေဖေနဲ့ မေမေက ငါ့ကိုဘာလို့ထားသွားရတာလဲ"
မြေပြင်ပေါ်ကျသွားသောမျက်ရည်ကလေးများကြောင့်
သစ်သားတုတ်ကလေးကိုင်ထားသော
လက်သေးသေးကလေးများက
ပါးပြင်နုနုလေးကို နူးနူးရွရွလေးပွတ်ဆွဲကာ
မျက်ရည်သုတ်လိုက်သည်။

Tae Tae၏ မိဘများသည်
Tae Tae 1နှစ်သားကထဲက
ကွာရှင်းလိုက်ကြပြီ။ ဖေဖေက
Tae Taeကိုမွေးပြီးပြီးချင်းတောင်
လာမကြည့်နိုင်ပဲ ၃လလောက်ထိ
သူ၏ စတင်တည်ထောင်စရှိသော
Companyရဲ့တိုးတတ်ရေးကိုသာ ကိုဖိလုပ်ပြီးမှ
ကိုယ်မွေးထားသော သားအရင်း၏ မျက်နှာကို
မြင်ဖူးအောင် လာကြည့်သည်။

နောက်ပိုင်းတွင်လဲ
မိသားစုကိုဂရုမစိုက်ပဲ စီးပွားရေးကိုသာ
အာရုံစိုက်ကြိုးပမ်းနေသောအခါ
မိသားစုအတွင်း ဆက်ဆံရေးများကလျော့ရဲလာသည်။
စီးပွားရေးကိုထဲထဲဝင်ဝင်သေချာလုပ်ခြင်းသည်
ကောင်းသည်ဟုဆိုနိုင်သော်ငြား
အလွန်အကျွံလုပ်လာလျှင်တော့
မိသားစုက အထီးကျန်ဆန်လာသည်။

နဂိုကထဲက မချစ်ပဲအိမ်ကပေးစားသောကြောင့်
ယူခဲ့ရသော မေမေသည် ဆင်းရဲနေတာမဟုတ်သောကြောင့်
ထိုသူနှင့်ဆက်မနေနိုင်ဟုဆိုသည်။
ထို့ကြောင့် Tae Tae အသက် ၁နှစ်သားမှာတင်
ဖေဖေနဲ့ မေမေဟာကွာရှင်းခဲ့ကြသည်။

Magic In The MoonlightTempat cerita menjadi hidup. Temukan sekarang