Chapter(2)

10.6K 1.1K 120
                                    

Unicode

" Annyeonghasayeo ဂျွန်ဂျုံးကု လို့ခေါ်ပါတယ်"

အလို... ချောရက်လိုက်တဲ့ မျက်နှာလေး..။
ပြည့်စုံလွန်းနေသည်..။

မည်းနက်နေသော မျက်လုံးဝိုင်းဝိုင်းတို့ဟာ ကြည်လဲ့နေသည်။
ကျွန်တော့်ရဲ့ မျက်မှန်အောက်က မျက်လုံးမှေးမှေးတွေနဲ့ကတော့
အကွာကြီး။

သူ့ရဲ့ မြင့်မားနေတဲ့အရပ်နှင့်ကျစ်ကျစ်လစ်လစ် ခန္ဓာကိုယ်ကို
ပုပုဝဝ ကျွန်တော့် ခန္ဓာကိုယ်နှင့် ယှဉ်ကြည့်မိတော့
သိမ်ငယ်စိတ်တောင်ဖြစ်မိ၏။

မျက်လုံး၊ မျက်ခုံး၊ နှာတံ ၊ ပိရိသေသပ်တဲ့နှုတ်ခမ်းတစ်စုံ၊
အင်း...သူတော်တော်လေးကို ယောင်္ကျားပီသသည်။

သူရယ်ပြလိုက်တဲ့အခါမှာ မြင်လိုက်ရတဲ့
ရှေ့ယုန်သွားလေး။

ခုနက ယောင်္ကျားပီသတယ်လို့တွေးမိတာတောင်
ရုပ်သိမ်းချင်စိတ်ဖြစ်မိသည်။

အခုကျတော့လဲ ချစ်ဖို့ကောင်းနေပြန်ရော။

ဒီလိုပြည့်စုံလွန်းတဲ့ လူသားကိုကိုပိုင်ဆိုင်ရတဲ့ မိန်းကလေးဟာ
တော်တော် ကံကောင်းမှာပဲ။

ကြည့်နေရင်း နီးနီးလာတဲ့ သူ့ပုံရိပ်။

ကြွကြွရွရွ ခြေလှမ်းတွေနဲ့သူဟာ
ကျွန်တော့ဆီကိုတည့်တည့်ကြီးလျှောက်လာသည်လေ။

ကျွန်တော် သတိလက်လွတ်ငေးနေတုန်းမှာဘဲ သူဟာ..

ကျွန်တော့်ဘေးကနေ ခပ်တန်းတန်းမတ်မတ်ဖြတ်သန်းသွားသည်!

ေဩာ်..ကျွန်တော်သူ့ကိုငေးနေမိတာပဲ။

သတိပြန်ဝင်တော့မှရှက်ရှက်နဲ့

ဘေးပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်တော့၊
ကျွန်တော့လိုပဲ သူ့ကို ငေးနေသူတွေ။
ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေရော..။
အကြည့်တွေအကုန်သူ့ဆီမှာချည်း။

မိန်းကလေးတွေကတော့ လုံးဝ ကြွေကျမြေခ နေကြသည်ကို သူတို့ရဲ့ ရွန်းရွန်းစိုနေတဲ့ မျက်လုံးများမှတဆင့် သိသိသာသာမြင်နေရသည်။

ယောင်္ကျားလေးတွေမှာတော့ မကြည်သလိုအကြည့်တွေရော၊
အံဩနေတဲ့ဆိုဒ်တွေရော စုံနေသည်လေ။

Magic In The Moonlightحيث تعيش القصص. اكتشف الآن