Episode-3 (Unicode)

29 3 0
                                    

EPISODE-3

Yoona လန့်ပြီးအော်လိုက်သည်.........

Sooyoung- ဟဲ့ Yoona နင်ဘာဖြစ်နေလဲ ???

Yoona- အောင်မလေး Sooyoung ရယ် ငါဖြင့်လန့်သွားတာဘဲ...... စောစောက ဒီနားမှာ လူတစ်ယောက်တွေ့လိုက်လို့ဟ...... ဒီမှာကြည့်ပါလား......

Yoona စိုစွတ်နေသော မြေသားပျော့ပျော့ပေါ်တွင် ထင်ကျန်ရစ်ခဲ့သည့် ခြေတစ်စုံကို ပြရင်းပြောလိုက်သည်......

Sooyoung- ဟင်!!! အဲ့ဒီလူ
ဘယ်ရောက်သွားပြီလဲ

Yoona- မသိဘူးဟ...... ငါလည်း ဒီနားရောက်ရော သူလဲပျောက်သွားတာဘဲ......

Sooyoung . Yoona ပုခုံးကို ပုတ်လိုက်ရင်း

Sooyoung- စာပို့သမားတစ်ယောက်ယောက် ဖြစ်ချင်ဖြစ်မှာပါဟ...... လာပါ ပြန်ကြရအောင်......

အိမ်ထဲသို့ပြန်ရောက်ကြသောအခါ Sooyoung မျက်နှာစာ တံခါးကို ပြန်ပိတ်လိုက်ရင်း.........

Sooyoung- Yoona နင်လည်း ဒီအိမ်ကြီးကို ပြောင်းလာမှ စိတ်တွေ ချောက်ချားနေသလိုဘဲနော် ......

Yoona- အင်း...... ဟုတ်တယ် စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် နင်နဲ့ ငါ စက်ဘီးတစ်ပတ်လောက် လျှောက်စီးကြရင် မကောင်းဘူးလား???

Sooyoung ခေါင်းကို ခါယမ်းရင်း......

Sooyoung- ဟာ...... ဘယ်ဖြစ်လဲ...... နင်နဲ့ငါ အိပ်မွေ့ချတဲ့ အစီအစဉ်ကို ဇာတ်တိုက်ရဦးမယ်လေ......

Yoona သက်ပြင်းကိုသာချလိုက်မိသည်...... ဘာမှမတတ်နိုင်ပါ...... Sooyoung စိတ်အားထက်သန်လွန်းနေသဖြင့် သူ့ဆန္ဒအတိုင်း မီးစဉ်ကြည့်ကရုံသာ ရှိပါသည်......

Yoona- အေးလေ...... ဒါဆိုလည်းလုပ်တာပေါ့...... တစ်ခုတော့ရှိတယ်
အတိတ် ဘဝအကြောင်းတွေ ပြောဖို့ဆိုရင် ငါကယုတ္တိရှိရှိနဲ့ ပြောတတ်တာမဟုတ်ဘူးဟ...
ကပေါက်တိကပေါက်ချာတွေ ဖြစ်ကုန်လို့ အလိမ်ပေါ်သွားရင် ရှက်စရာကြီး......

Sooyoung- အဲ့ ဒီ တော့ .........??

Yoona- ငါကအိပ်မွေ့ချတဲ့သူလုပ်မယ်ဟာ... နင့်ကို ငါ အိမ်မွေ့ချတာ ပိုပြီးယုတ္တိရှိလိမ့်မယ် ထင်တယ် Sooyoung......

Yoona စကားကြောင့် Sooyoung အနည်းငယ်စဉ်းစားလိုက်ပြီး......

Sooyoung- ကောင်းတယ် Yoona...... ငါ့အရင်ဘဝအကြောင်းနဲ့ ပတ်သတ်ပြီးတော့ ဂမ္ဘီရဆန်ဆန်တွေ စဉ်းစားထားတာ ရှိတယ်...... အိုကေ စလိုက်ကြရအောင်......

We Are Waiting [Complete]Onde as histórias ganham vida. Descobre agora