Episode-10 [Final Episode]

1.2K 107 26
                                    

EPISODE-10 (Final)

Yoona ကုတင်ပေါ်မှနေ၍ ခြေအစုံကို ကြမ်းပြင်ပေါ်သို့ ချပြီး ဖြည်းဖြည်းထရပ်လိုက်သည်...... ထိုစဉ်~~ Yoona မျက်လုံးတွေက ကြမ်းပြင်ပေါ်ကျနေသော Album စာအုပ်ကို မြင်လိုက်သည်...

Yoona- ကြည့်စမ်း!!! ဒါဟာ တစ်ခုခုကို သက်သေပြဖို့ ငါကြိုးစားခဲ့တာပေါ့...... အဲဒီတစ်ခုခုဟာ ဘာလဲ......

သူမအပြင်းအထန်စဉ်းစားရင်း ခေါင်းထဲတွင် အမည်နာမ တစ်ခု ဖျက်နဲပေါ်လာသည်......

Yoona-Jiyeon...... ဟုတ်တယ် Jiyeon *whisper* ကြည့်စမ်း...... ငါ ကိုယ်တိုင်တောင် ညီမလေးကို မေ့လျော့တော့မလို့ပါလား... မဖြစ်ဘူး...... မဖြစ်ဘူး......

Yoona. Jiyeon နာမည်ကို တတွတ်တွတ် ရေရွတ်ရင်း ခပ်သွပ်သွက်ပင်ရေချိုးအဝတ်အစား
လဲလိုက်သည်...... ပြီးတော့ appa နဲ့ omma တို့နှင့်တွေ့ရန် အောက်ထပ်သို့ဆင်းခဲ့သည်......
တကယ်တော့ ရေချိုးအဝတ်အစားလဲနေစဉ်မှာ ကတည်းက ommaတို့ကို Jiyeon အကြောင်း ရှင်းပြဖို့ အတွက် စကားလုံးတွေကို အသေအချာ ရွေးချယ်စီကုံးထားပြီးသားဖြစ်သည်......

အရင်ဆုံး...... Jiyeon ကို သူမအိမ်မွေ့ချသည့် အကြောင်း/ ပြီးတော့ Jiyeon တစ်ယောက် ထူးထူးဆန်းဆန်း အပြုအမူတွေ လုပ်လာသည့် အကြောင်း/ မြေအောက်ခန်းထဲမှ ခေါ်သံကြားရသည့်အကြောင်းများကို ပြောပြမည်......  ဒီနောက်တော့မှ...... စာရေးဆရာ ဆိုသူရောက်လာပြီး ဒီအိမ်ကြီး၏ရာဇဝင်နှင့် အမေ့ခံအိမ်ကြီးဟု ခေါ်တွင်သည့် အကြောင်းများကိုပါ ရှင်းပြရပေလိမ့်မည်......

>>>>>> ဒီလိုစီကာပတ်ကုံး သေသေချာချာ ရှင်းပြနိုင်ဖို့ရန်အတွက် သူမတည်ငြိမ်နေမှ ဖြစ်မည်...... သွေးရူးတန်းရူး ပြောနေပုံမျိုးဖြင့် appa တို့၏ ယုံကြည်မှုကိုမရနိုင်...... ရူးနေသည်ဟုပင် အထင်ခံရပေလိမ့်ဦးမည်......

Yoonaကိုယ့်ကိုကိုယ် အတည်ငြိမ်ဆုံး ဖြစ်အောင် စိတ်ထိန်းရင်း မီးဖိုခန်းတွင်းသို့ ဝင်လာခဲ့သည်...... သူမအံ့သြသင့်သွားသည်...
မီးဖိုထဲတွင် မည်သူမျှရှိမနေပါ......

Yoona- Appa!!! Omma!!! *shout*

သူမတစ်အိမ်လုံးကြားအောင် အော်ခေါ်လိုက်သည်...... သို့သော် တုံ့ပြန်သံမကြားရ...... Yoona ပြတင်းပေါက်သို့ ပြေးသွားပြီး...... အိမ်ရှေ့စင်ဝင်အောက်သို့ လှမ်းကြည့်လိုက်သည်...... မော်တော်ကားလည်း မရှိတော့ပါ...... သေချာသည်...... ဖေဖေရော မေပေါ အလုပ်သို့ထွက်သွားကြလေပြီ......

We Are Waiting [Complete]Where stories live. Discover now